အလုပ်ပြုတ်သွားပြီးနောက် စကားမပြောပဲ Video တွေတင်ခဲ့ရာကနေ အောင်မြင်ကျော်ကြားလာသူ

//s9.kh1.co/e7/e740c67bedaa00bdd6e53f2fcc67520f285fd8c9.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မနှစ်တုန်းက အီတလီ မှာ Coronavirus ကြောင့် Lockdown ချခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Turin မြို့ရဲ့ မြောက်ဘက်အနီးက စက်ရုံးကနေ Khabane Lame ဆိုတဲ့သူဟာ အလုပ်ပြုတ်ခဲ့ပါတယ်။ အလုပ်ပြုတ်သွားတဲ့နေ့ကစပြီး သူဟာ မိဘတွေရဲ့ မွေးရပ်မြေဖြစ်တဲ့ Chivasso မှာ မောင်နှမသုံးယောက်နဲအတူ နေထိုင်ခဲ့ရင်း အလုပ်သစ်ရှာခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ TikTok ကို Download လုပ်ခဲ့ပြီး အိပ်ယာထဲမှာ အတွေးပေါင်းများစွာနဲ့ တွေးနေခဲ့ပြီးနောက် Khaby Lame ဆိုတဲ့ နာမည်နဲ့ Video တွေတင်ခဲ့ပါတယ်။ အဲ့နောက်မကြာခင်မှာပဲ အံ့ဩဖွယ်ရာ လူသားတစ်ယောက် မွေးဖွားလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/b3/b3d9050720f722e78e1198f86bfb037f30ebe727.jpeg
https://s9.kh1.co/__image/w=650,h=607,q=100/54/54eb16ed061dc86de0d8f77c1605ea842aead4a8.jpg

အစပိုင်းမှာတော့ တခြား TikTokers တွေလိုပဲ သူဟာ သူရဲ့ အကဗီဒီယိုတွေ ဂိမ်းကြည့်တာတွေနဲ့ တခြား ရယ်စရာတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒီနှစ်ရဲ့ အစောပိုင်းမှာ သူဟာ Life-Hack Video တွေကို ဟာသပြုလုပ်ရာကနေစပြီး နာမည်ကြီးလာခဲ့ပါတယ်။ ခုချိန်မှာတော့ Lame ဟာ TikTok မှာ ပေါ်ပြူလာအဖြစ်ဆုံး လူတစ်ယောက်ဖြစ်ခဲ့ပြီး Follower အယောက် ၁၁၄ သန်းထိ ရှိပါတယ်။ သူထက်‌ Follower များတဲ့သူဆိုလို့ Dancer တစ်ယောက်ဖြစ်တဲ့ Charli D'Amelio ပဲရှိပါတယ်။ သူမကတော့ ကယ်လီဖိုးနီးယားဆယ်ကျော်သက်တစ်ယောက်ဖြစ်ပြီး သူမရဲ့အစ်မဖြစ်သူ Dixie နဲ့အတူ Video တွေကိုလည်း မကြာခဏတင်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/f0/f01869600bd4aa14c073282d76170919ef6bf68b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3e10b2e82a4e0b0281be8b50d68041dcd93ec15a.jpg

" ဒီလို Video တွေတော်တော်များများကို ကျွန်တော်ကတွေ့နေတော့ ကျွန်‌‌ေတာ်လည်း ရိုးရှင်းတာတွေပြုလုပ်မယ်ဆိုတဲ့ အတွေးက ‌၀င်လာခဲ့တာပေါ့ " လို့ Lame က CNN ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ " ကျွန်တော်ရဲ့အမူအယာဖြစ်တဲ့ လက်ပြတာကတော့ မတော်တဆပြခဲ့မိတာဖြစ်ပေမယ့် ပါးစပ်ကစကားမပြောတာတော့ ကျွန်တော်ဘာသာ မပြောခဲ့တာပါ၊ ကျွန်တော် တတ်နိုင်သမျှ လူအများကြီးဆိကို ရောက်နိုင်တဲ့နည်းလမ်းတစ်ခုကို စဉ်းစားခဲ့တယ်၊ အဲ့နည်းလမ်းတွေထဲမှာ အကောင်းဆုံးနည်းလမ်းက စကားမပြောတာပါပဲ " ဆိုပြီးဆက်လက်ပြောပြခဲ့ပါတယ်။ ဟုတ်ပါတယ်....သူဟာ လူအများပြောကြသလို စကားမပြောပဲ အမူအယာနဲ့ အောင်မြင်တဲ့သူတွေဖြစ်ကြတဲ့ Charlie Chaplin တို့ Mr.Bean တို့လိုပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/ee/eeb797516a789b5cb37863c38fd6a8a9f7da50aa.jpg
https://s9.kh1.co/__image/w=331,h=281,q=100/d3/d317d951347e8625cbacf35ee57441d451bbda5e.png

သတင်း အရင်းအမြစ်CNN

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T