လူနာတစ်ဦးရဲ့ ရောဂါဝေဒနာကို (၂)ကြိမ်ထဲနဲ့ သိသာပျောက်ကင်းအောင် ဆေးကုသပေးနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ ထူးခန့်ကျော်

//s9.kh1.co/79/795a42b9c6174397e12d1929e2e5fbf16f0630b7.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ သရုပ်ဆောင်‌ ထူးခန့်ကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ပြည်သူတွေကို ဆေးကုသပေးနေတာ ဖြစ်ပါတယ် ။ သူတတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာရပ်တွေနဲ့ လေဖြတ်နေတဲ့သူတွေ၊ ကိုယ်လက်မလှုပ်ရှားနိုင်၊ မမြှောက်နိုင်ဖြစ်နေတဲ့သူတွေကို အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆေးကုသပေးလိုက်လို့ ပျောက်ကင်းသက်သာသွားတဲ့ လူနာတွေအတွက်လည်း ထူးခန့်ကျော်က ဝမ်းသာပြီး လူမှုကွန်ယက်ပေါ်မှာ အမြဲဖော်ပြလေ့ရှိပါတယ်။

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

သူ့ရဲ့ ဆေးကုသမှုက သိသိသာသာ ပျောက်ကင်းတာကြောင့် အိမ်ကိုလာရောက်ကုသတဲ့သူတွေ များတာလည်း တွေ့ရပါတယ်။ ယခုမှာလည်း ထူးခန်းကျော်ရဲ့ လူမှုကွန်ယက်မှာ ဆေးကုသမှုခံယူခဲ့တဲ့ လူနာတစ်ယောက်ရဲ့ အကြောင်းလေးကို ကြည်နူးပီတိဖြစ်ပြီး ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကနေစတင်ပြီး စကားကောင်းကောင်း မပြောနိုင်ခြင်း ၊ ခြေထောက်ထုံကျဥ်တဲ့ ဝေဒနာကိုခံစားရတဲ့ လူနာတစ်ဦးက လာရောက်ကုသခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

ထူးခန့်ကျော်ကလည်း သူရဲ့သီလဂုဏ်၊သမာဓိဂုဏ်တွေနဲ့ တတ်မြောက်ထားတဲ့ ပညာရပ်တွေဖြင့် အကောင်းဆုံး ဆေးကုသပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါလူနာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေက သက်သာလာတာကြောင့် အင်မတန်ဝမ်းသာပီတိဖြစ်ကြောင်း ဆိုထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ဆေးကုသမှုဟာ တကယ့်ကိုထူးခြားတာကြောင့် လေးစားဂုဏ်ပြုပေးတဲ့အနေနဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=606,q=100/89/89380dcb60ccd3f57d3f3d343199009bee1b4e4f.jpg

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T