သေသောသူ ကြာရင်မေ့ဆိုပေမဲ့ အခုချိန်ထိ ပရိတ်သတ်ရင်ထဲမှာ အမြဲရှိနေခဲ့တဲ့ ကိုမင်းသွေး

//s9.kh1.co/2f/2f98037b89c06e88540dec8b25a80b6d6505b65e.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သေသောသူ ကြာရင်မေ့ဆိုပေမဲ့ အခုချိန်ထိ ပရိတ်သတ်ရင်ထဲမှာ အမြဲရှိနေခဲ့တဲ့ ကိုမင်းသွေး

ဒီနေ့မှာတော့ ရုပ်ရှင်သရုပ်​ဆောင် ကိုမင်းသွေးကွယ်လွန်ခဲ့တာ သုံးနှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ ကိုမင်းသွေးကို သတိရနေဆဲပါ။သူချန်ထားခဲ့တဲ့အနုပညာတွေက အခုချိန်ထိ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။

photo - Min Thway's Facebook
photo - Min Thway's Facebook

ပြည်သူတွေရဲ့အချစ်ကို သိမ်းပိုက်ထားခံရတဲ့ ကိုမင်းသွေးဟာ အောက်တိုဘာ ၃ရက်နေ့ ၂၀၁၈ ခုနှစ်မှာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူရုတ်တရက်ကွယ်လွန်သွားခြင်းဟာ ပရိတ်သတ်တွေအတွက်ရော၊အနုပညာအသိုင်းအဝိုင်းမှာပါ အံ့သြသွားစေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

photo - Min Thway's Facebook
photo - Min Thway's Facebook

သူမကွယ်လွန်ခင်မှာ သရုပ်ဆောင်ထားခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကား၊သတ်ကွင်းရုပ်ရှင်တို့ဟာ တော်တော်အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ သူကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသချိန်မှာတော့ သူဟာ ရှိမနေခဲ့တော့ပါဘူး။

Photo - Min Thway's Facebook
Photo - Min Thway's Facebook

သူ့အနုပညာကိုချစ်တဲ့ကိုမင်းသွေးရဲ့ပရိတ်သတ်တွေ အတွက်တော့ တော်တော်လေးကို ဝမ်းနည်းစေခဲ့ရပါတယ်။သေသောသူကြာရင်မေ့ဆိုပေမဲ့ သူချန်ထားခဲ့တဲ့အနုပညာ၊အမြဲတမ်းပြုံးနေတတ်တဲ့ကိုမင်းသွေးကိုတော့ အခုချိန်ထိ ပရိတ်သတ်တွေက သတိရနေလျက်ရှိပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T