အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ကျားပေါက်၊ အာဇာနည်နဲ့ ညီနန္ဒ တို့အတွက် ပန်းချီလေးရေးဆွဲခဲ့တဲ့ ဒါရိုက်တာကိုပေါက်

//s9.kh1.co/33/33339fbe549d11a09b80a34d7a53c27dfdb293a6.jpg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုပေါက် ရေးဆွဲထားတဲ့ "အလွမ်းပန်းချီ" .......

ဒါရိုက်တာ ကိုပေါက်က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူဖြစ်ပါတယ်။

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 

ဒါရိုက်တာကိုပေါက်က အခုတစ်ခါမှာလည်း သူချစ်ရတဲ့ အနုပညာရှင် ညီအစ်ကိုများကို တောထဲတစ်နေရာကနေ လွမ်းဆွတ် သတိရနေခဲ့ပါတယ်။ ညီအစ်ကိုတွေလို ချစ်ရပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ကာ အဝေးရောက်နေကြတဲ့ ကျားပေါက်၊ အာဇာနည်နဲ့ ညီနန္ဒ တို့ရဲ့  ပုံတူပန်းချီလေးတွေကို ကိုယ်တိုင်ရေးဆွဲပြီး သတိတရရှိနေကြောင်းကို ဖော်ပြလိုက်ပါတယ်။

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 

ဒါရိုက်တာကိုပေါက်က ”သတိတရနဲ့ရေးခြစ်မိသော အဝေးရောက် ကောက်ကြောင်းတစ်ချို့၊ မြန်မာနို င်ငံသူ၊ နိုင်ငံသားများ ဘေးကင်း လုံခြုံကြပါစေ" ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာကနေ ဒါရိုက်တာကိုပေါက်ရေးဆွဲထားတဲ့ ကျားပေါက်၊ အာဇာနည်နဲ့ ညီနန္ဒ တို့ရဲ့ ပုံတူပန်းချီလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc
Photo Credit: aung min naing 's facebook acc

Source : aung min naing 's facebook acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T