ယနေ့မှာ အသက် (၃၃)နှစ် ပြည့်သွားပြီ ဖြစ်တဲ့ လူငယ်ကြိုက် သီချင်းဖန်တီးရှင် အဆိုတော်သားသား

//s9.kh1.co/86/86e6d4ead4a96fcf71c92621146d3ae2afbef6b6.jpg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်အရွယ်နဲ့မလိုက်အောင် နုနေရောပဲ ......

ဒီနေ့ အောက်တိုဘာ (၂) ရက်နေ့လေးကတော့ ပရိသတ်အချစ်တော် အဆိုတော် သားသား ရဲ့ (၃၃) နှစ်မြောက် မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc

မနေ့က သူ့ရဲ့ မွေနေ့လေးအတွက်ကိုတော့ အဆိုတော်သားသားက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “မနက်ဖြန် ၁၉နှစ်ပြည့်မွေးနေ့ “ လို့ စနောက်ပြီးရေးထားပါသေးတယ်။

Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc

လူငယ်အကြိုက် သီချင်းများကို ဖန်တီးရေးသား သီဆိုလေ့ရှိတဲ့ အဆိုတော် သားသားက အခုနောက်ပိုင်းမှာ တကိုယ်တော်အခွေ ထွက်ဖို့အတွက် အခက်အခဲ ရှိတာကြောင့် မထွက်ဖြစ်ဘဲ တခြားသူများအတွက်သာ သီချင်းများ ဖန်တီးပေးလျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc

သားသားကတော့ သူဝါသနာပါတဲ့ အနု ပညာအလုပ် တွေကို လုပ် ကိုင်နေပြီး မိဘတွေကို ပြန်လည်ပြုစု လုပ်ကျွေးနေတဲ့ သား လိမ္မာလေးတစ်ယောက်ပါ။မိဘအပေါ်သိတတ်လိမ္မာလွန်းလှတဲ့ လုပ်ရပ်လေးကြောင့် အဆို တော်သားသားကို ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါသေးတယ်။

Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc

သားသားကတော့ သီချင်းများရေးသား သီဆိုရုံသာမက သီချင်းများကို တီးခတ်ပေးပြီး မကြာခင်ကလည်း သူတီးခတ် ပေးထားတဲ့ နွဲ့ယဉ်ဝင်းနဲ့ ထက်ယံ သီဆိုထားတဲ့ “မောင့်အချစ်ဦး” သီချင်းဟာ ပရိသတ်များကြိုက် နှစ်သက်ခဲ့ပါတယ်။

Photo Credit : Thar Thar's Facebook Acc
Photo Credit : Thar Thar's Facebook Acc
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T