ရန်ကုန်ကို ပြေးလာချင်နေပြီဟု သူရဲ့ ခံစားချက်ကို ပုံလေးရိုက်ပြီး တင်ထားတဲ့ မင်းမော်ကွန်း

//s9.kh1.co/7f/7f63bbdc6fb32ab5edcc7064e866cf8bc0321d58.jpg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

လေးစားလျက်ပါ ကိုကျော်ရေ ….

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

Photo credit : Burma Irrawaddy
Photo credit : Burma Irrawaddy

မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Photo credit : Kyaw Kyaw Htay Lwin's Facebook acc
Photo credit : Kyaw Kyaw Htay Lwin's Facebook acc

အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်ကနေတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ 

Photo credit : Kyaw Kyaw Htay Lwin's Facebook acc
Photo credit : Kyaw Kyaw Htay Lwin's Facebook acc

မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာလည်း တွေ့ရပါတယ်။

Photo credit : Kyaw Kyaw Htay Lwin's Facebook acc
Photo credit : Kyaw Kyaw Htay Lwin's Facebook acc

နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာလောလောဆယ်မှာလွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကိုတွန်းလှန်နေတာပဲဖြစ်ပါတယ်။

Photo credit : Kyaw Kyaw Htay Lwin's Facebook acc
Photo credit : Kyaw Kyaw Htay Lwin's Facebook acc

မနေ့က မင်းမော်ကွန်းက သူ့ရဲ့ Facebook Story မှာ ပုံလေးနှစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး အပြတ်အသတ်ကို မိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။သူကလည်း ” ပြေးလာချင်တယ် ရန်ကုန် ” ၊ ” ရန်ကုန်ကို လာမယ် ” ဆိုတဲ့ Caption တွေနဲ့အတူ ရေးသားဝေမျှထားတာကိုလည်း မြင်တွေ့ရပါတယ်။ မင်းမော်ကွန်းကတော့ တောထဲတစ်နေရာမှာ နေထိုင်နေရတာတောင် သူ့ရဲ့ ပုံစံကတော့ ခန့်ညားနေဆဲပါပဲနော်။

Photo credit : Kyaw Kyaw Htay Lwin's Facebook acc
Photo credit : Kyaw Kyaw Htay Lwin's Facebook acc

Source : : Kyaw Kyaw Htay Lwin's Facebook acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T