မြန်မာ့ဂုဏ်ဆောင် အပြေးမယ် လို့အများက သိထားကြတဲ့ ဒေါ်ခင်ခင်ထွေးရဲ့ နောက်ဆုံးခရီးစဥ်

//s9.kh1.co/20/2017f14d4d528abde35dbf3c061a6621530ca226.jpg
နေ့စဉ်သတင်းများ

 ၀၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

စိတ်မကောင်းလိုက်တာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒေါ်ခင်ခင်ထွေးဟာ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွေမှာမြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ဆု (၁၀)ရယူကာ နိုင်ငံဂုဏ်ဆောင်ခဲ့သူဖြစ်ပါတယ်။သူမဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုပေါင်း (၃၀) ခုအထိ ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တဲ့ အပြေးမယ် တစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း

ဒေါ်ခင်ခင်ထွေးဟာ အိုလံပစ် အားကစားပွဲတော်တွင်လည်း (၁၉၈၈)ခုနှစ် ဆိုးလ်ပွဲတော်၊(၁၉၉၂) ခုနှစ် ဘာစီလိုနာ ပွဲတော်၊ (၁၉၉၆) ခုနှစ် အတ္တလန္တာပွဲတော်တို့တွင်တို့တွင် (၃) ကြိမ်ဆက်တိုက် နိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀နှင့် ၃၀၀၀တို့တွင် စံချိန် တင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း

မြန်မာ့ဂုဏ်ဆောင်သူ ဒေါ်ခင်ခင်ထွေးဟာ အသည်းကင်ဆာရောဂါနှင့် စက်တင်ဘာ (၃၀) ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ယမန်နေ့ အောက်တိုဘာ(၁)ရက်နေ့ နေ့လယ်ပိုင်းက ရေဝေး သုဿာန်မှာ သင်္ဂြိုလ်ခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်ခင်ထွေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပါတယ်။ ဒေါ်ခင်ခင်ထွေးဟာ ကွယ်လွန်ချိန်တွင် အသက် (၅၄) နှစ်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်က တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ နာရေးအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Photo Credit from မြန်မာပြေးခုန်ပစ်အားကစားသမားဟောင်းများလူမှုရေးအသင်း
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T