Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ JISOO က သူ့ညီမလေးလိုဖြစ်နေတဲ့ LISA ကို အားပေးနေတဲ့ ရုပ်သံဖိုင်

//s9.kh1.co/96/96bc5645431ea2ebab278704ce433c823f01224d.jpeg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ JISOO က သူ့ညီမလေးလိုဖြစ်နေတဲ့ LISA ကို အားပေးနေတဲ့ ရုပ်သံဖိုင်

နာမည်ကျော် Kpop group ဖြစ်တဲ့ Blackpink အဖွဲ့ဟာ အားလုံးကြားထဲမှာ ထင်ရှားကျော်ကြားအောင်မြင်တဲ့ Girl Group တစ်ခုဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ပရိတ်သတ်တွေရဲ့အချစ်တွေကို ရထားတဲ့သူတွေဆိုလည်း မမှားပါဘူး။သူတို့ရဲ့အောင်မြင်မှုတွေကလည်း ကြောက်ခမန်းလိလိပါပဲ။

Inkigayo ကို မနက်အစောကြီး Blackpink ရဲ့ Member တွေဖြစ်တဲ့ JISOO က သူ့ညီမလေးလိုချစ်ရတဲ့အငယ်ဆုံးလေး လီလီနဲ့အတူ လိုက်ပေးသွားခဲ့ပါတယ်။

photo credit - Google
photo credit - Google

JISOO က Video File ထဲမှာ ဆိုရင် ကျွန်မက သူ့ရဲ့ Fan ပါလို့ LISAကို စနှောက်နေခဲ့ပါတယ်။နောက်ပြီးတော့  Recording Rehersal စပြီးလုပ်မဲ့အချိန်လည်းရောက်ရော LISA ကို Fighting ဆိုပြီးအားပေးခဲ့ပါတယ်။စိတ်လှုပ်ရှားနေတဲ့ LISAကို သူကိုယ်တိုင် စတိတ်စင်နားကနေပြီး MC ကိုယ်တိုင်လုပ်ပြီး Fighting LISA ဆိုပြီး အားပေးခဲ့ပါတယ်။

photo credit -Google
photo credit -Google

Blackpink Memberတွေရဲ့တစ်ဦးကိုတစ်ဦးအားပေးမှုတွေ၊ကူညီမှုတွေ၊အရမ်းချစ်ကြတာတွေက သူတို့ကိုအားပေးနေတဲ့ပရိတ်သတ်တွေ ဘယ်လောက်တောင် ဝမ်းသာနေကြမလဲဆိုတာ ပြောမပြတတ်ပါပဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်BLACKPINK Myanmar-Blink

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T