Psychology စိတ်ပညာဘာသာရပ်ကို ဘယ်သူတွေတက်ရောက်သင့်လဲ။

//s9.kh1.co/b0/b06d12684316875a0c7ca2aca8d9a4d3974f0ad1.jpeg
ဗဟုသုတအဖြာဖြာ

 ၀၁-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

Psychology စိတ်ပညာဘာသာရပ်ကို ဘယ်သူတွေတက်ရောက်သင့်လဲ။

အခုခေတ်မှာဆိုရင် တော်တော်များများက စိတ်ပညာကို အလေးပေးလာကြသလို စိတ်ပညာနဲ့ပတ်သက်ပြီးလည်း တော်တော်များများက လေ့လာနေကြပါပြီ။ဒီနေ့မှာတော့ Fields of Specialization in Psychology(စိတ်ပညာနယ်ပယ်များ)အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

photo credit - Google
photo credit - Google

1. Clinical Psychology(ကုခန်းစိတ်ပညာ)

စိတ်လှုပ်ရှားမှုနဲ့ဆိုင်တဲ့ပြဿနာတွေ၊အပြုအမူနဲ့ဆိုင်တဲ့ ပြဿနာတွေ၊စိတ်ဝေဒနာတွေကို ကုသပေးခြင်းတို့ကို ပြုလုပ်ပေးတဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။Clinical Psychologist တွေကိုတော့ ဆေးရုံ၊စိတ်ကျန်းမာရေးဋ္ဌာန၊ဆေးဝါးသုံးစွဲသူတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ ပြန်လည်ထူထောင်ရေးဋ္ဌာနတွေနဲ့နှစ်သိမ့်ဆွေးနွေးအကြံပေးလုပ်ငန်းတွေမှာ တွေ့နိုင်ပါတယ်။

photo credit - Google
photo credit - Google

2. Counselling Psychology(အကြံပေးညိနှိုင်းစိတ်ပညာ)

Counselling လုပ်တာတို့ Counsellor တွေနဲ့တွေ့ဆုံတယ်ဆိုတာက ဒီခေတ်မှာ တော်တော်အသုံးပြုလာကြပါပြီ။ဒီနယ်ပယ်မှာရှိတဲ့ ပညာရှင်တွေကတော့ နေ့စဥ်နဲ့အမျှ ကြုံတွေ့နေရတဲ့ လုပ်ငန်းဆောင်တာများနဲ့ပတ်သက်တဲ့ အသင့်အတင့်သော ပြဿနာအခက်အခဲများကို ဖြေရှင်းပေးရပါတယ်။စာမေးပွဲနဲ့ပတ်သက်တဲ့ အလွန်စိုးရိမ်ပူပန်မှုတွေ၊အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ၊အလုပ်ရွေးချယ်မှုနဲ့ပတ်သက်တဲ့ မရေရာမသေချာပြဿနာများကို ဆွေးနွေးသူနဲ့အတူတူ အဖြေရှာကြပါတယ်။

photo credit -Google
photo credit -Google

3. Biological Psychology or Physiological Psychology(ဇီဝကမ္ပဆိုင်ရာစိတ်ပညာ)

ဇီဝကမ္ပဆိုင်ရာစိတ်ပညာရှင်များကတော့ ဇီဝဗေဒဆိုင်ရာဖြစ်စဥ်များနဲ့ အပြုအမူဖြစ်စဥ်များမှာရှိတဲ့ဆက်နွယ်မှုတွေကို လေ့လာကြပါတယ်။ဒီနယ်ပယ်ဟာ အပြုအမူနဲ့ဆေးဝါးများ၊ဦးနှောက်ရဲ့လုပ်ငန်းစဥ်များ စသည်တို့နဲ့ဆက်နွယ်မှုကို ရှာဖွေလေ့လာပြုလုပ်ပါတယ်။

photo credit - Google
photo credit - Google

4. Experimental Psychology(စမ်းသပ်မှုစိတ်ပညာ)

ဒီနယ်ပယ်ကတော့ အပြုအမူနဲ့စိတ်ဖြစ်စဥ်တွေမှာပါဝင်တဲ့ အာရုံသိခြင်း၊သင်ယူခြင်း၊မှတ်ဉာဏ်စတဲ့အခြေ ခံဆက်နွယ်မှာတို့ကို ရှာဖွေပြုလုပ်ပါတယ်။စမ်းသပ်ခန်းတွေထဲမှာ ထိန်းချုပ်လေ့လာမှုတို့ကို ပြုလုပ်ပါတယ်။

photo credit -google
photo credit -google

5. Educational And School Psychology(ပညာရေးစိတ်ပညာ)

ပညာရေးစိတ်ပညာရှင်တွေကတော့ ပညာရေးမှာ ထိရောက်အောင်မြင်တဲ့သင်ကြားမှု၊သင်ယူမှုနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပေးပါတယ်။ပညာရေးစိတ်ပညာရှင်များဟာ ပညာရေးနဲ့ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေတိုးတက်မှုရှိအောင် သုတေသနပြုလုပ်ခြင်း၊ဆရာ၊ဆရာမများအား သင်တန်းပေးခြင်းများကို လုပ်ဆောင်ပါတယ်။

photo credit - Google
photo credit - Google

6. Developmental Psychology(ဖွံ့ဖြိုးမှုစိတ်ပညာ)

မိခင်ရဲ့ဝမ်းတွင်းမှာ ရှိနေတဲ့ အချိန်ကာလက စပြီး အိုမင်းမစွမ်းအရွယ်အထိ ဘဝသက်တမ်းတစ်လျှောက်မှာ ဖြစ်ပေါ်တဲ့ လွှမ်းမိုးတဲ့အချက်တွေကို လေ့လာဖို့ စိတ်ဝင်စားကြပါတယ်။သီးခြားစွမ်းရည်ဖြစ်တဲ့ ကလေးတစ်ယောက်ရဲ့ အသက်အပိုင်းအခြားအလိုက် ဘာသာစကားတတ်ကျွမ်းမှုကိုလည်း လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။

photo credit- Google
photo credit- Google

7. Industrial /Organizational Psychology(စက်မှုအဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ)

စိတ်ပညာဆိုင်ရာယေဘုယျသဘောထားတွေကို အသုံးပြုပြီး အလုပ်သမားများ၊လုပ်ငန်းရှင်များ၊လုပ်ငန်းခွင်ကျေနပ်မှုရှိရန် လေ့လာမှုတွေကို ပြုလုပ်ပါတယ်။ဒီနယ်ပယ်က စိတ်ပညာရှင်များကတော့ စက်မှုနဲ့အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းခွင်မှာ အလုပ်သမားများကို ရွေးချယ်ခြင်း၊နေရာချထားပေးရေးတို့မှာ အဓိက လုပ်ဆောင်ပါတယ်။

photo credit- Google
photo credit- Google

8. Engineering Psychology(အင်ဂျင်နီယာစိတ်ပညာ)

လူတွေအမှားနည်နည်း၊အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့လုပ်ငန်းတွင်ကျယ်ဖို့ ဘယ်လိုစက်ကိရိယာတွေ ဖန်တီးသင့်လဲ။နောက်ပြီးတော့ လူနဲ့စက် အံဝင်ခွင်ကျ ဖြစ်အောင်ဘယ်လိုလုပ်သင့်လဲ။Design တွေ ဘယ်လိုရွေးဆွဲသင့်သလဲဆိုတာတွေကို အဓိကလုပ်ဆောင်ပါတယ်။

photo credit- Google
photo credit- Google

9. Social Psychology(ဆက်ဆံရေးစိတ်ပညာ)

လူတစ်ယောက်ချင်းအပေါ်မှာ ဆက်ဆံတဲ့ပတ်ဝန်းကျင်၊ဆက်ဆံရေးဖြစ်စဥ်တွေကို တိကျတဲ့အကျိုးသက်ရောက်မှုကိုလေ့လာတဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။များသောအားဖြင့် လူတွေဟာ တစ်ယောက်တည်းမနေပဲ ပတ်ဝန်းကျင်နဲ့အုပ်စုဖွဲ့နေကြတဲ့အတွက် ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာတဲ့ တစ်ဦးချင်းအပြုအမူတွေ၊အုပ်စုထဲမှာ လူတွေ ဘယ်လိုပြုမူရပ်တည်နေလဲဆိုတာကို လေ့လာကြပါတယ်။

photo credit- Google
photo credit- Google

10. Personality Psychology(ကိူယ်ရည်ကိုယ်သွေးစိတ်ပညာ)

လူတွေနဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ထူးခြားတဲ့အရာတွေ၊အဓိကကျတဲ့အချက်အလက်တွေကိုစူးစမ်းလေ့လာရှာဖွေကြပါတယ်။ကိုယ်ရည်ကိုယ်သွေးစိတ်ပညာရှင်အများစုကတော့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးပုံအဆင့်ဆင့်တွေ၊လူတွေရဲ့လုပ်ဆောင်မှုအပေါ်မှာ ကိုယ်ရည်ကိုယ်သွေးရဲ့ လွှမ်းမိုးမှုတွေကို လေ့လာဖော်ထုတ်တဲ့ပညာရပ် ဖြစ်ပါတယ်။

photo credit- Google
photo credit- Google

11.Environmental Psychology(ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ပညာ)

လူနေထူထပ်ခြင်း၊ဆူညံသံ၊လေထုညစ်ညမ်းမှုစတဲ့အရာတွေကြောင့် လူတစ်ယောက်ရဲ့အပြုအမူကို ဘယ်လိုထိခိုက်နစ်နာမှုကို ဖြစ်ပေါ်စေသလဲ။လုပ်ငန်းခွင်နဲ့အလုပ်သမားတွေ အပန်းဖြေမှုရဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတွေ ဘယ်လိုဖန်တီးရမလဲဆိုတာတွေကို လေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T