မဆုံးရှုံးသင့်တဲ့ လူ့အသက်တွေကို ကယ်တင်နိုင်တဲ့ နည်းလမ်း ၃ ခု

//s9.kh1.co/6f/6f0778c1cbab29fe771c08248ebc584511d6f2aa.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၁-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

မဆုံးရှုံးသင့်တဲ့ လူ့အသက်တွေကို ကယ်တင်နိုင်တဲ့ နည်းလမ်း ၃ ခု

စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ပတ်ဝန်းကျင်မှာ အနည်းနဲ့အများမြင်ဖူးကြမှာပါ။ကိုယ်မြင်ဖူးရတဲ့ သူတွေထဲမှာ စိတ်ဓာတ်ကျနေတဲ့သူတွေ၊စိတ်ပင်ပန်းနွမ်းနွယ်မှုတွေ ရှိနေတဲ့သူတွေဟာ တစ်ယောက်နှင့်တစ်ယောက် အခြေအနေ၊ပုံစံ မတူနိုင်ကြပါဘူး။ဖြစ်ရပ်တွေလည်းမတူကြသလို၊စိတ်ဒဏ်ရာရရှိမှု၊ခံနိုင်ရည်ရှိမှုတွေဟာလည်းကွဲပြားသွားတတ်ပါတယ်။

စိတ်မပျော်ရွှင်လာတဲ့သူတစ်ယောက်ဟာ အမြဲတမ်းကြီးစိတ်ဓာတ်ကျနေပြီး မှိုင်းထိုင်းနေတာလားဆိုတော့လည်း မဟုတ်ပါဘူး၊၊တစ်ချို့တွေက ကိုယ့်ရဲ့စိတ်မပျော်မှု၊နာမကျန်းမှုတွေကို ပျော်ပျော်ရွှင်ရွှင် အထီးကျန်ပြီး ဖြတ်သန်းကြသူတွေလည်း အများကြီးပါ။ပတ်ဝန်းကျင်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့သူတွေကို ကြည့်လိုက်ရင် ဘဝမှာ ပျော်စရာအမှတ်တရတွေကို ထားခဲ့တတ်ကြပါတယ်။သူ ဒီလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး၊ငါလည်း ဘာမှလည်း မလုပ်ပေးလိုက်ရဘူးကွာ ဆိုပြီး ကိုယ်နဲ့ရင်းနှီးသူတွေ ဒီလိုအဖြစ်အပျက်မျိုးနဲ့ စွန့်ခွာသွားကြတဲ့အချိန်မှာ အပြစ်တင်စိတ်၊ယူကြုံးမရတဲ့ စိတ်တွေ ဖြစ်တတ်ပါတယ်၊၊အခုချိန်မှာကိုယ့်ကိုယ်ကို အပြစ်တင်စိတ်၊ယူကြုံးမရ ဖြစ်ရတတ်ပါတယ်။ဒီလို အဖြစ်မျိုးတွေနဲ့ ကင်းဝေးဖို့အတွက် စိတ်ဓာတ်ကျနေတဲ့သူတွေကို စိတ်သက်သာရာရအောင် ကူညီပေးနိုင်တဲ့ နည်းလမ်း ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

photo credit-Google
photo credit-Google

၁။ကိုယ့်ကို သူယုံကြည်ရကြောင်း ပြပေးပါ။

စိတ်ဓာတ်ကျသူတစ်ယောက်ဟာ သူစိတ်အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူ့ကိုကူညီပေးနိုင်မဲ့ လက်တစ်စုံကို အားကိုးတကြီး ရှာဖွေတတ်ပါတယ်။Counsellor တွေဆီ မရောက်ခင်ကာလမှာ သူအရမ်းယုံကြည်ရတဲ့သူတွေဆီမှာ ရင်ဖွင့်လေ့ရှိပါတယ်။သူ့ရဲ့SocialMediaကနေတစ်ဆင့်လည်းအကူအညီတောင်းခံတတ်ပါတယ်။သူစိတ်အဆင်မပြေကြောင်း စာသားလေးတွေနဲ့ လည်းပြတတ်ပါတယ်။ကိုယ်က သူဘာဖြစ်နေတာလဲဆိုတဲ့ သတင်းစကားနောက်မှာ ငါရှိနေတယ်။ငါ့ကိုရင်ဖွင့်လို့ရတယ်။ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဆိုတဲ့စကားလေးထည့်ပြောပေးပါ။ဒီစကားကလည်း သူ့အတွက်တော့ ကိုယ်ဟာ သူယုံကြည်လို့ရတဲ့သူဖြစ်ကြောင်း သူသိလာမှာဖြစ်ပြီး သူ့အတွက်လည်း အားဖြစ်စေမဲ့ စကားလေးတစ်ခွန်း ပဲ ဖြစ်ပါတယ်။

photo credit-Google
photo credit-Google

၂။သူ့ရဲ့ Privacy ကိုတန်ဖိုးထားပေးပါ။

စိတ်ဓာတ်ကျနေတဲ့ကိုယ့်မိတ်ဆွေ၊ကိုယ့်သူငယ်ချင်းတွေ ရင်လာဖွင့်တယ်ဆိုတာက သူတို့ကိုယ့်ကို ယုံကြည်လို့ဖြစ်ပါတယ်။လူတော်တော်များများက ကိုယ့်ရဲ့အဆင်မပြေမှု၊စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို အသိမခံချင်ကြတဲ့သူတွေပါ။ကိုယ့်ရဲ့အဆင်ပြေကြောင်းတွေကိုပဲ သိစေချင်တာ များပါတယ်၊၊တစ်ယောက်တည်းရင်ဆိုင်နိုင်သလောက် ရင်ဆိုင်ပြီး ခံနိုင်ရည်မရှိတော့တဲ့အခါမှာ သင့်အကူအညီကို သူရယူတာဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ သူရင်ဖွင့်လာသမျှအကြောင်းအရာကို သင့်အနေနဲ့ ပတ်ဝန်းကျင်ကို Share မလုပ်မိဖို့က အရမ်းအရေးကြီးပါတယ်။သူ့ရဲ့ Privacy ကို တန်ဖိုးထားခြင်းကလည် သူ့ကို ကူညီခြင်းတစ်မျိုးပါပဲ။

photo credit - google
photo credit - google

၃။သူ့ရဲ့ဖြစ်တည်မှုကို လက်ခံပေးပါ။

သူဟာ သင့်ဆီရောက်လာရင် ဘာမှမပြောပဲနဲ့ ငိုနေရင်လည်း ငိုနေလိမ့်မယ်။နောက်ပြီး သူစိတ်ဓာတ်ကျစေတဲ့ အကြောင်းအရာတွေကို ပြောနေရင်းနဲ့ သူဝမ်းနည်းပက်လက်ဖြစ်လာတဲ့အခါမှာ သင့်အနေနဲ့ သူ့ကိုလွတ်လပ်မှုထားပေးပါ။မငိုနဲ့တော့၊မငိုပါနဲ့၊ဒီအကြောင်းအရာလေးလောက်နဲ့ စိတ်ဓာတ်ကျနေရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စကားလေးတွေကို  သင့်အနေနဲ့ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။သူ့ကို လွတ်လွတ်လပ်လပ်ငိုလို့ရကြောင်း  လွတ်လွတ်လပ်လပ်ရင်ဖွင့်လို့ရကြောင်းကို သူသိအောင် ရုပ်ပိုင်းဆိုင်ရာအရ ဖက်ပေးထားတာဖြစ်ဖြစ် ၊ စကားနဲ့ပဲ ဖြစ်ဖြစ် သူ့ရဲ့ ဖြစ်တည်မှုနဲ့ အတူရှိနေပေးခြင်းကလည်း သူ့ကို အကူအညီဖြစ်စေပါတယ်။

ငါလည်း ဘာမှ မလုပ်ပေးနိုင်ဘူး၊ဘာမှ မတတ်နိုင်ပါဘူးဆိုတဲ့စကားလုံးတွေနဲ့ မိမိကိုယ်ကို အပြစ်တင်နေမဲ့အစား ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျနေတဲ့သူတွေ၊စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ဒီလိုကူညီပေးခြင်းကလည်း သင့်အနေနဲ့ မဆုံးရှုံးသင့်တဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T