အစာအိမ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့အပုဆုံးစာရင်းဝင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံက (၂)နှစ်သားအရွယ် "ဘူတီ" နွားမလေး

//s9.kh1.co/02/0217b6cd94fa2d82746d721d756d12d9440cef12.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့အသေးငယ်ဆုံး နွားများစာရင်းထဲမှာပါတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒါကာမြို့အနီးအနားက နှစ်နှစ်အရွယ် "ဘူတီ" နွားမလေးကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၁၉) ရက်နေ့ကပဲ အစာအိမ်ရောင်ရောဂါခံစားခဲ့ရပြီး ဆုံးပါးသွားခဲ့ကြောင်း သိရပါတယ်။ နှစ်နှစ်သားအရွယ် "ဘူတီ" နွားမလေးဟာ အရပ် (၅၀.၈)စင်တီမီတာ (၂၀ လက်မ) နှင့် (၂၆ ကီလိုဂရမ် )(၅၇ ပေါင်) အလေးချိန်ပဲ ရှိတာကြောင့် လူအများကလည်း စိတ်ဝင်စားခဲ့ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကျော်ကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - GWR
Photo Credit - GWR
Photo Credit - GWR
Photo Credit - GWR

သခင်ဖြစ်သူ Kazi Sufian ကတော့ ထူးခြားလွန်းတဲ့ "ဘူတီ" နွားမလေးကို လာရောက်ဝယ်ယူသူတွေရှိနေပေမယ့် သားသမီးတစ်ယောက်လို တန်ဖိုးထားတာကြောင့် ဘယ်သူ့ကိုမှမရောင်းခဲ့ဘူးလို့လည်း သိရပါတယ်။ Kazi Sufian ရဲ့ ပြောပြချက်တွေအရ "ဘူတီ" နွားမလေးဟာ အရပ်ပုတဲ့ မျိုးရိုးဗီဇမှပေါက်ဖွားလာခြင်းကြောင့် ရလဒ်အနေနဲ့ ဒီထက်ပိုပြီး ကြီးထွားဖို့မဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

Photo Credit - GWR
Photo Credit - GWR
Photo Credit - GWR
Photo Credit - GWR

ယင်းနောက် "ဘူတီ" နွားမလေးဟာ အသက်(၂)နှစ်အရွယ်မှာပဲ အစာအလွန်အကျွံစားခြင်းကြောင့် အစာအိမ်ရောင် ရောဂါဝေသနာကို ခံစားခဲ့ရပါတယ်။ သခင်ဖြစ်သူက "ဘူတီ" နွားမလေးကို ​​ အလျင်အမြန်ဆေးကုသပေးခဲ့သော်လည်း တိရစ္ဆာန်ဆရာဝန်များက မကယ်တင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ "ဘူတီ" နွားမလေးသေဆုံးသွားခဲ့ပေမယ့် ထူးထူးခြားခြား အပုဆုံးနှင့် ချစ်စရာအကောင်းဆုံးနွားအဖြစ် အမြဲအမှတ်တရရှိနေခဲ့တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - GWR

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T