လူရွှင်တော်ကြီး ဦးချစ်စရာဆီကို ကူညီထောက်ပံ့ငွေများ သွားရောက်ပို့ဆောင်ခဲ့တဲ့ ပရဟိတမင်းသား ဝေဠုကျော်

//s9.kh1.co/ef/ef8c087df0b7eac0e901abd4d6a71ec521b4c72d.jpg
အနုပညာရှင်များ

၀၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကြည်နူးပီတိဖြစ်စရာ ပုံရိပ်လေးတွေ ......

မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ “ဝေဠုကျော် ဖောင်ဒေးရှင်း” ကို တည်ထောင်ထားပြီး အကူအညီ လိုအပ်နေတဲ့ နေရာတွေမှာလိုက်လံကူညီ လှူဒါန်းပေးနေခဲ့တဲ့ ပရဟိတမင်းသားကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝေဠုကျော် တစ်ယောက်ကတော့ သူ့ရဲ့ပင်မအလုပ်ဖြစ်တဲ့ အနုပညာအလုပ်ကိုတောင် ဘေးဖယ်ပြီးတော့ တစ်နိုင်ငံလုံးမှာလိုအပ်နေတဲ့ ကူညီမှုတွေအတွက် အမြဲတမ်း ရှေ့ကကာကွယ်ဖြည့်တင်းပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီတွေကြောင့် ခက်ခဲနေတဲ့ ဘဝတွေ အဆင်ပြေသွားခဲ့ရတာလည်း မနည်းလှပါဘူး။ ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်ပေမဲ့ မာန်မာနမရှိဘဲ နေရာအစုံကို သူ့ရဲ့ ပရဟိတ တပ်သားတွေနဲ့ ကိုယ်တိုင် သွားရောက်ကာ လိုအပ်တာတွေကို ကူညီပေးတတ်တဲ့သူ တစ်ဦးလည်းဖြစ်တာကြောင့် ပရိသတ်က အချစ်ပိုခဲ့ကြပါတယ်။

အခုလို ခက်ခဲနေတဲ့ကာလကြီးမှာဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်နေသူတွေလည်း အများအပြား ရှိနေခဲ့တာဖြစ်ပြီး ဝေဠုကျော် ဖောင်ဒေးရှင်းကလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page

ဒီကနေ့မှာလည်း ဝေဠုကျော်က လူရွှင်တော်ကြီး ဦးချစ်စရာဆီကို ကူညီထောက်ပံ့ငွေများ သွားရောက်လှူဒါန်းခဲ့ပုံကို အခုလိုပဲမျှဝေလာခဲ့ပါတယ်။

အကယ်ဒမီရန်အောင် ၊ဒါရိုက်တာမောင်မျိုးမင်း ၊ နဲ့ အကယ်ဒမီမို့မို့မြင့်အောင်တို့ရဲ့  ကူညီထောက်ပံ့ငွေတွေကို ဝေဠုကျော်က လူရွှင်တော်ကြီး ဦးချစ်စရာဆီကို သွားရောက်ပို့ ဆောင်ဂါရဝပြုကန်တော့ခဲ့ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page

လူနာမေးအတူလိုက်လာခဲ့တဲ့ အဖေ့ကိုလည်း အသက်အရွယ်အရ ဦးချစ်စရာက လက်အုပ်ချီပြီး ပြန်ကန်တော့ခဲ့ပါတယ်လို့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page

Photo Credit : Wai Lu Kyaw Foundation’s Fb page

Source : Wai Lu Kyaw Foundation’s Fb page

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T