ချစ်ဇနီးလေးမွေးနေ့အတွက် မွေးနေ့ ဆုမွန်တောင်းစကားလေးကို အဝေးကနေ ဆုတောင်းပေးလာတဲ့ ညီနန္ဒ

//s9.kh1.co/b8/b8a4d63ac084ecd5fb0ad7d1d2f558a1e831433f.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုတွေ အမြန်ဆုံစည်းနိုင်ကြပါစေ ....

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ ဇာတ်ပို့ကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ​ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

ညီနန္ဒက  စစ်ကောင်စီရဲ့  အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။ လတ်တလောအခြေအနေတွေကြောင့် မိသားစုနဲ့ ခွဲခွာနေရပြီး ယနေ့ကျရောက်တဲ့ ချစ်ရတဲ့ ဇနီးလေးမွေးနေ့မှာ အဝေးကနေပဲ ဆုတောင်းပေးထားပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

မွေးနေ့ဆုတောင်းလေးက ‘Happy Birthday ပါ ချစ်ရပါသောမိန်းမရေ...မိန်းမရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး တစ်သက်လုံးစိတ်ချမ်းသာပါစေ... ယောကျ်ားအပေါ်မှာရော သမီးလေးအပေါ်မှာပါ တာဝန်ကျေလွန်းတဲ့အတွက် ပိုပြီးတန်ဖိုးထားချစ်ရပါတယ်...

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

"ကိုနန္ဒ ထောပတ်ထမင်း" ရဲ့ မျိုးဆက်ဖြစ်တဲ့ "စနိုးဦး ထောပတ်ထမင်း" ကို တစ်ယောက်တည်း အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အရည်အချင်းကို တန်ဖိုးထား ဂုဏ်ယူပါတယ် မိန်းမရေ... မိန်းမအဖြစ်ချင်ဆုံးဆန္ဒ "သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး" အမြန်ဆုံးဖြစ်ပါစေ..’ လို့ သူရဲ့ လူမှုကွန်ယက်ကနေ ဆုတောင်းစာလေး‌ ရေးပေးထားပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

Source - Nyi Nanda's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T