ကပြား အလှပဂေးတွေကို ချစ်သူတော်ထားရဲ့တဲ့ ထိုင်းမင်းသားချောများ

//s9.kh1.co/d0/d0e18004c059f5e7e4e219f846ad4a3c7c895f7c.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လိုက်ဖက် ညီနေလိုက် ကြတာများ …….

ထိုင်းနိုင်ငံ အနုပညာရှင်တွေကတော့ ထိုင်းသွေးစစ်စစ်ဖြစ်ကြသလို တစ်ချို့ကလည်း နိုင်ငံခြားသွေးရောကာ ကပြားလေးလို လှပနေတဲ့ မင်းသမီးတွေလည်းရှိပါတယ်။ ထိုင်းကားကြည့်ဖူးတဲ့သူတိုင်း ထိုင်းမလေးတွေ ဘယ်လောက်ချောမောလှပ လဲဆိုတာကို သိကြမှာပါ။ ပရိတ်သတ်တွေ အသည်းစွဲဖြစ်တဲ့ ထိုင်းမင်းသားချောတွေကတော့ သွေးရောတဲ့အလှပဂေးတွေနဲ့ ချစ်ခြင်းမေတ္တာလွှမ်းခြုံနေပြီး လူအများက အားကျကြည်နူးနေရတဲ့ အနုပညာ စုံတွဲလေးတွေ ဖြစ်နေပါပြီ။

Mark Prin

Photo Credit : Google 
Photo Credit : Google 

ကိုရီးယားမင်းသားတစ်ယောက်လို ချောမောပြီး သရုပ်ဆောင်မှာလည်း အပိုတွေမရှိပဲ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်လွန်းသူ Mark Prin ကလည်း ပရိတ်သတ်တွေ အချစ်ကြဆုံးမင်းသားတွေထဲက တစ်လက်ပဲဖြစ်ပါတယ်။ Mark Prin နဲ့ Kimmy Kimberley တို့ အတွဲကတော့ ချစ်သူသက်တမ်း (၈) နှစ် ပြည့်ခဲ့ပါပြီ။ လှပချောမောတဲ့ Kimmy Kimberley ကတော့ Thai – German ရောစပ်ထားပြီး လှသွေးကြွယ်နေသူလေးပါ။

Weir Sukollawat

Photo Credit : Google
Photo Credit : Google

Weir လို့လူသိများပြီး အသက် 36 နှစ်ရှိပြီဖြစ်ကာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ် တစ်ယောက်လည်း ဖြစ်ပါတယ်။ Weir ကတော့ Thai – British အလှပဂေးလေးဖြစ်တဲ့ Bella Ranee နဲ့ တွဲလက်မြဲနေခဲ့ပြီး လက်ထပ်ဖို့တောင် တိုင်ပင်နေကြပြီလို့ သိရပါတယ်။

Ken Phupoom

Photo Credit : Google
Photo Credit : Google

Ken ကတော့ ပြဇာတ်တွေမှာ သရုပ်ဆောင်ရင်းကနေ ပရိတ်သတ်တွေ ချစ်တဲ့မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။ Ken ကတော့ Esther Supreeleela အတူ ချစ်သူသက်တမ်း (၅) နှစ်ကျော် ရှိနေပါပြီ။  ချစ်ဖို့ကောင်းတဲ့ Esther Supreeleela က Thai – Malaysia ရောစပ်ထားတဲ့ အလှပဂေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။  

Ter Chantavit

Photo Credit : Google
Photo Credit : Google

ထိုင်းမော်ဒယ်လ်၊ သရုပ်ဆောင်၊ Screen Writer တစ်ယောက်ဖြစ်တဲ့ Ter ကတော့ ပရိတ်သတ်တွေကို ရုပ်ရှင်ကားများစွာနဲ့ ပျော်ရွှင်စေသူတစ်ယောက်အဖြစ် နာမည်ကြီးသူပဲဖြစ်ပါတယ်။ Thai – Belgian သွေးရောတဲ့ Mai Davika မင်းသမီးလေးနဲ့ တွဲနေပြီး လူတိုင်းအားကျရတဲ့ Relationship ကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။

Nadech Kugimiya

Photo Credit : Google
Photo Credit : Google

ထိပ်တန်းမင်းသားစာရင်းဝင် Nadech ကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေး Yaya Urassaya နဲ့တွဲနေခဲ့တာပါ။ Yaya  ကတော့ Thai – Norweigian သွေးနှောဖြစ်တာကြောင့် သူမရဲ့အလှကလည်း လူတိုင်းငေးမောကြည့်နေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T