ဂျပန်နိုင်ငံက မျောက်လိမ္မာလေးတွေ စားပွဲထိုးတဲ့ ဂျပန်ရိုးရာ စားသောက်ဆိုင် တစ်ဆိုင်

//s9.kh1.co/2e/2e23ed95e35764caf04751a1c460604737088510.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဂျပန်နိုင်ငံဟာ ခေတ်မီသလောက် အသစ်အဆန်းတွေကိုလည်း တော်တော်တီထွင်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ထူးထူးဆန်းဆန်းဆန်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် မျောက်လိမ္မာလေးတွေစားပွဲထိုးတဲ့ ဆိုင်တစ်ဆိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=632,h=354,q=100/ab/ab86a3bde45fd0071ab6dbd85ca74881ac8e65ed.jpg

ဂျပန်ရိုးရာစားသောက်ဆိုင်ပုံစံအဖြစ် ရောင်းချနေတဲ့ Kayabukiya Tavernq ဆိုင်လေးဟာ မျောက်လိမ္မာလေးတွေကို စားပွဲထိုးလေးတွေအဖြစ် လေ့ကျင့်သင်ကြားပြီးအသုံးချခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီဆိုင်မှာရှိကြတဲ့ မျောက်စားပွဲထိုးလေးတွေဟာ လိမ္မာကြသလို လစာကိုတော့ ငှက်ပျောသီးတွေကို ပေးတယ်လို့သိရပါတယ်။ မျောက်လေးတွေကလည်း ချစ်ဖို့ကောင်းကြတယ်ဆိုတာ ငြင်းမရပါဘူး။

https://s9.kh1.co/__image/w=632,h=354,q=100/39/3991202573a596522dfdcd672d23ba3657c724f5.jpg
https://s9.kh1.co/__image/w=632,h=354,q=100/48/4802afc3ad730311645ba61c7967241fa2c3e38b.jpg

နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသည်တွေဟာ မျောက်လိမ္မာလေးတွေကို ချစ်တာရယ် ၊ မျောက်လေးတွေရဲ့ စားပွဲထိုးစွမ်းရည်တွေကြောင့် တစ်နှစ်ထက်တနှစ် ပိုမိုလာရောက်နေကြတယ်လို့လည်းဆိုပါတယ်။ တိရစ္ဆာန်ချစ်သူတွေကတော့ ဒီလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ မျောက်ဆိုတာ တိရစ္ဆာန်‌ဖြစ်ပေမယ့်လည်း လူတွေလိုပဲ အသိဉာဏ်ရှိပြီး သူတို့မှာလည်း လွတ်လပ်ခွင့်တွေရှိကြတာမို့ ခုလို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=632,h=356,q=100/24/24cacd0981117ffa1638fa9112e25d92b4754778.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T