သာမာန်လူတွေ မသောက်သုံးနိုင်မယ့် ထူးထူးဆန်းဆန်း တမူထူးခြားတဲ့ သောက်စရာများ

//s9.kh1.co/d3/d3f2f2010b751e8d6539cb57b9383c8f3413b2b5.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘာလာလာသောက်နိုင်တဲ့သူတွေတောင် ခုဖော်ပြမယ့် ဟာတွေကိုတော့ သောက်နိုင်မယ် မထင်ပါဘူး။ ဘာလို့ဆို ပုံမှန်မဟုတ်တဲ့ အရည်တွေမို့လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သောက်သုံးတဲ့သူတွေကတော့ ရှိစမြဲမို့ ထူးထူးဆန်းဆန်း ကမ္ဘာပေါ်က သောက်စရာများကို ဖော်ပြလိုက်ပါတယ်။

(၁) Snake Wine

https://s9.kh1.co/__image/w=600,h=450,q=100/7b/7b02fd9e5733894b857a7cdbe734f7f2a807b105.jpg

ဒီတစ်ခုကတော့ အာရှနိုင်ငံတွေမှာ မြင်ဖူးတွေ့ဖူးပြီးသား အရက်အမျိုးအစားဖြစ်ပါတယ်။ မြွေကို ဝိုင်ထဲမှာ စိမ်ထားပြီး အဲ့ဒီဝိုင်ကို သောက်ကြတာ ဖြစ်ပါတယ်။

(၂) Smoker’s Caugh (Jagermeister+Mayonnaise)

https://s9.kh1.co/__image/w=650,h=366,q=100/66/666481c1dd6e78c9d3f06c56395438b98c6eda10.jpg

ဆေးလိပ်သောက်သူတွေရဲ့ ချွဲပုံစံ ဖြစ်နေတဲ့ ဒီသောက်စရာအရက်ကတော့ Jagermeister တစ်အောင်စကို Mayonnaise တစ်ဇွန်းထည့်ပြီး သောက်ရတာဖြစ်ပါတယ်။

(၃) Prairie Oyster

https://s9.kh1.co/__image/w=650,h=488,q=100/51/5102ab3425a85de456d01ffa79e67a2d447be6a2.jpg

Prairie Oyster ဟာ ကြက်ဥအစိမ်းတလုံး၊ ခရမ်းချဉ်သီးဆော့စ်၊ ခရုဆီ၊ ရှာလကာရည်၊ ဆားနဲ့ ငရုတ်ကောင်းတွေကို ရောပြီး ဖျော်သောက်ရတာ ဖြစ်ပါတယ်။

(၄) Bilk(Beer+Milk)

https://s9.kh1.co/__image/w=650,h=386,q=100/a5/a53fcb884d100a4004eb3ca00618541f6e524860.jpg

အပေါ်မှာ ပြောပြခဲ့တာတွေထက်စာရင်တော့ ဒါကတော်ပါသေးတယ်။ Bilk ဆိုတာ နွားနို့နဲ့ ဘီယာကို အချိုးကျကျ ရောထားတဲ့ သောက်စရာဖြစ်ပါတယ်။ ဒီအရည်ကို ဂျပန်နိုင်ငံက အရက်ချက်စက်ရုံတစ်ခုဖြစ်တဲ့ Abishiri စက်ရုံက ထုတ်လုပ်ထားတာပါ။

(၅)ဒိန်ချဉ်အရသာ Pepsi

https://s9.kh1.co/__image/w=650,h=622,q=100/2b/2b531b43fbaa9fce005c16c9189ee8999992587d.jpg

ဒိန်ချဉ်အရသာ Pepsi ကို ဂျပန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က စတင်ရောင်းချခဲ့ပါတယ်။ ရိုးရိုး Pepsi ကို သောက်ရတာ ငြီးငွေ့လာသူတွေအတွက် ဒီ ဒိန်ချဉ် Pepsi ကိုရောင်းချခဲ့တာဖြစ်ပြီး ဒိန်ချဉ်အရသာ Pepsi လို့ ခေါ်ပေမယ့် ပါဝင်ပစ္စည်းစာရင်းထဲမှာတော့ ဒိန်ချဉ်ကို ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။ အလားတူ ဖြစ်ရပ်အနေနဲ့ ရုရှားနိုင်ငံ၊ရိုမေးနီးယားနိုင်ငံနဲ့ ဥရောပနိုင်ငံအချို့မှာလည်း Cappuccino Pepsi တွေလည်း ခေတ်စားခဲ့ပါသေးတယ်။

(၆) ကြက်သွန်ဖြူ Coca Cola

https://s9.kh1.co/__image/w=650,h=434,q=100/d1/d14ee0ab8cf56f0c6e425c3cff3c95d954f6561f.jpg

၂၀၁၇ ခုနှစ်ကစပြီး ဂျပန်နိုင်ငံမှာ ရောင်းချခဲ့တဲ့ ဒီဖျော်ရည်ကို လူတွေ အတော်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူ Coca Cola ဟာ ပုံမှန် Coca Cola နဲ့ ကြက်သွန်ဖြူကို ရောထည့်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း အရင်းအမြစ်Bright side

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T