ပရိသတ်တွေ တော်တော်များများ မမြင်ဖူးသေးတဲ့ ကလေးဘဝတုန်းက ချစ်စရာကောင်းတဲ့ ပုံရိပ်တချို့ကို ထုတ်ဖော်ပြလာတဲ့ ပိုးကြာဖြူးခင်

//s9.kh1.co/78/78a784694f33d13e2b68913edffe5d33c4549ad7.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ MRTV- 4 မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ အနုပညာနယ်ပယ် အောင်မြင်မှုတွေ ရရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အချိန်လေးမှာ ကိုဗစ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် သူမဟာ အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပါတယ်။ နွေဦးတော်လှန်ရေး အချိန်ကာလမှာလည်း ပိုးကြာဖြူခင်က ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin

လေးစားစရာကတော့ ယခုကာလမှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ လိုအပ်တာတွေကို မျှဝေလှူဒါန်းပေးတာတွေလည်း ရှိခဲ့ပါတယ်။ သူမရဲ့ လှူဒါန်းမှုတွေကလည်း ပရိသတ်တွေအတွက် လေးစားအတုယူစရာဖြစ်ခဲ့ရပါတယ်။ ယနေ့မှာတော့ ပိုးကြာဖြူခင်က ပရိသတ်တွေ တော်တော်များများ မမြင်ဖူးသေးတဲ့ ပုံရိပ်တချို့ကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin

ဒီပုံလေးတွေကတော့ သူမ ငယ်ဘဝက ချစ်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံတွေထဲက သူမရဲ့ ဖခင်နဲ့အဘိုးကတော့ မရှိတော့ဘူးလို့လည်း ရေးသားဖော်ပြထားပါသေးတယ်။ ပိုးကြာဖြူခင်ရဲ့ ငယ်ဘဝက ချစ်စရာအမှတ်တရ ပုံလေးတွေကိုလည်း ပရိသတ်တွေပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin

သတင်း အရင်းအမြစ်Source - Poe Kyar Phyu Khin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T