ကွယ်လွန်သွားတဲ့မိခင်ကြီးကို ရည်စူးပြီး ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ပေးခဲ့တဲ့ မိုးမိုးမြင့်အောင်

//s9.kh1.co/ce/ced0c0aa2a553ffd979bfac05e8f67a6beea7fa3.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိခင်ကြီးကို တစ်ရက်မှမေ့မရပါဘူးတဲ့ .....

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ မိုးမိုးမြင့်အောင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေချစ်ခင်ခဲ့ရတဲ့ မင်းသမီးကြီးပဲဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung

မင်းသမီးကြီး မိုးမိုးမြင့်အောင်ကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်မှာ အမြဲဖော်ပြလေ့ရှိပါတယ်။ အခုလည်း မနေ့က မိခင်ကြီးကွယ်လွန်တာ (၁)နှစ်ပြည့်အတွက် လွမ်းဆွတ်တမ်းတကာ ကြေကွဲနေရကြောင်းကိုလည်း ဝေမျှလာပါတယ် ။

Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး မိုမိုမြင့်အောင်ကတော့ မနေ့က စက်တင်ဘာလ (၃၀) ရက်နေ့မှာ မိခင်ကြီးကွယ်လွန်တာ (၁)နှစ်ပြည့် နှစ်ပတ်လည်အတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။

Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung

ကွယ်လွန်သွားခဲ့တဲ့ (၁)နှစ်တိတိပြည့်မြောက်သွားခဲ့ပေတဲ့လည်း မိခင်ကြီးကို တစ်ရက်မှမေ့မရတဲ့ အကြောင်းကို “လွမ်းနေရင်းလွမ်းနေရင်း ပါးလေးအပ်ပြီး ရင်ခွင်ငွေ့မရှူရှိက်ရတာ တစ်နှစ်တောင်ပြည့်သွားပါပြီ ။ မာမီရင်ခွင်လေးလွမ်းတသသ လွမ်းလိုက်ရတာ ညနေမာမီက်ိထမင်းခွန့်ချိန် ရောက်ရင် ဘာလုပ်ရမှန်းမသိ ဟိုယောင်ဒီယောင်နဲ့ ထမင်းခွန့်ပြီး ဘုရားအတူတူရှိ ခိုးတယ် လွမ်းလိုက်တာ မာမီ သနပ်ခါးနံ့ သင်းသင်းလေး ရနေတုံးဘဲ။

Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung

မာမီ ခွဲခွါသွားတာတစ်နှစ်ပြည့် သမီးတိုတွေ သံဃာတော်တွေဆွမ်းကပ်  ဘုန်းတော်ကြီးကျောင်းမှာ လိုအပ်တာလေးတွေဒါနပြုလှုဒါန်းဖြစ်ပါတယ်။ မာမီကောင်းရာဘုံအဆင့်အမြင့် ရောက်ပြီး နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်ပါစေ။” လို့ သူမရဲ့ လူမှုကွန်ယက်မှာ လွမ်းဆွတ်တမ်းတကာ ကြေကွဲနေရကြောင်း ရေးသားဖော်ပြထားပါတယ်။

Photo Credit - Academy Moht Moht Myint Aung
Photo Credit - Academy Moht Moht Myint Aung

Source : Academy Moht Moht Myint Aung's Facebook  

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T