ထန်တလန်မြို့နယ် ဝမ်သူးကျေးရွာ စစ်ကောင်စီတပ်စခန်း မှ တပ်သားများ စခန်းစွန့်ခွာကြ

//s9.kh1.co/bc/bc6408c6bf880865a3da476aece78a63615e4993.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားကြတာတဲ့ .....

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ က စစ်ကောင်စီ တပ်နဲ့ ချင်းဒေသခုခံကာကွယ်ရေးအဖွဲ့ CDF၊ ချင်းအမျိုးသားတပ်ဦး CNF/CNA ပူးပေါင်းတပ်ဖွဲ့တို့အကြား မြို့တွင်းတိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် လူဦးရေတစ်သောင်းနီးပါးရှိတဲ့ ထန်တလန်မြို့သူမြို့သားတွေအားလုံးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေက တပ်စွဲထားတာကြောင့် မြို့ခံတွေဟာ နီးစပ်ရာ တောတောင်တွေ၊ မြို့နယ် တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနယ်စပ်အထိပါ ထွက်ပြေးနေကြရပါတယ်။

Photo Credit : The Chin Journal
Photo Credit : The Chin Journal

စက်တင်ဘာ ၃၀ မနက် ၁၀ နာရီခွဲလောက်မှာ ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်ရှိ ဝမ်သူးကျေးရွာ စစ်ကောင်စီတပ်စခန်းတစ်ခုကို စစ်ရဟတ်ယာဉ်တစ်စီးဆင်းလာပြီး လာရောက်သယ်ဆောင်သွားတယ်လို ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဝမ်သူးကျေးရွာက ထန်တလန်မြိုနှင့် ၄၅ မိုင်ခန့်ကွာဝေးပြီး ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတွင် တပ်သား ၈ ဦးခန့်သာရှိပါတယ်။ တပ်သား အားလုံးကို ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်သွားပြီး စခန်းကို စွန့်ခွာသွားကြကြောင်း သိရပါတယ်။

Photo Credit : The Chin Journal
Photo Credit : The Chin Journal

ဝမ်သူးကျေးရွာစခန်းမှာ စစ်ကောင်စီစစ်သား ၈ ဦး ပဲရှိပြီး ဒေသခံရွာသားများနှင့် နှစ်ပေါင်းကြာရှည် ဆက်ဆံရေးကောင်းမွန်စွာ နေထိုင်ခဲ့ကြကြောင်း ဒေသခံများမှ သိရပါတယ်။ ဘာအကြောင်းကြောင့် စစ်ကောင်စီမှ ပြန်လည်ခေါ်ဆောင်သွားရခြင်းကိုတော့ မသိရှိရသေးပါဘူး။

Photo Credit : The Chin Journal
Photo Credit : The Chin Journal

စစ်တပ်က အာဏာသိမ်းပြီး ဧပြီလလောက်ကစလို့ ချင်းပြည်နယ်မှာ ရိုးရာတူမီး သေနတ်တွေနဲ့ စစ်ကောင်စီ တပ်ကို စတင်တော်လှန်တိုက်ခိုက်လာခဲ့ကြတာပါ။ စစ်ကောင်စီတပ်ဘက်ကလည်း အင်အားသုံးပြီး တိုက်ခိုက် တာ၊ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးတာ၊ အသွားအလာတွေကို တင်းကျပ်စစ်ဆေးတာတွေလည်း နေရာ အနှံ့ရှိနေပါတယ်။ ဒေသခံတွေဘက်မှာလည်း အကြောင်းမဲ့ ပစ်ခတ်ခံရလို့ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေကလည်း ရှိနေတာကြောင့် တဖြည်းဖြည်းနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြတာ အခုဆို ရင် တစ်ဘက် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးရောက်ရှိနေသူပေါင်း ၃၅၀၀၀ လောက်ရှိနေပြီလို့ အိန္ဒိယအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ သိရပါတယ်။

Source : The Chin Journal

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T