နာမည်ကြီး Drama ဇာတ်လမ်းတွဲ "Mount Jiri" အတွက် Main Theme Song ကို သီဆိုပေးသွားမှာဖြစ်တဲ့ BTS အဖွဲ့ဝင် Jin

//s9.kh1.co/b5/b56c6878ffd02f9d37d3647bf19fde64477ed8fe.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဇာတ်လမ်းကတော့ အဖက်ဖက်ကပြီးပြည့်စုံနေတော့မှာပဲ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

BTS ဆိုတာနဲ့ မိန်းကလေးတွေအသည်းစွဲချစ်ခင်ရတဲ့ Kpop Boy Band ဆိုတာ အားလုံးကသိကြမှာပါ။သူတို့ရဲ့ သီချင်းသီဆိုဟန်နဲ့ အကတွေကြောင့် အခုနောက်ပိုင်းမှာဆိုရင်တော့ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ တစ်ခဲနက်အားပေးလာကြပါတယ်။ကိုရီးယားနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ ပရိတ်သတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အဖွဲ့ ဆိုရင်လည်းမမှားပါဘူး။

Photo Credit From Google
Photo Credit From Google

BTS အဖွဲ့မှာဆိုရင်တော့ Rap Monster,Jungkook,V,Suga,Jimin,Jin နဲ့ J-Hope ဆိုပြီး အဖွဲ့ဝင် (၇)ယောက်ရှိပါတယ်။အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ Rap Monster ဖြစ်ပါတယ်။သူတို့ဟာ Spring Day,Mic Drop,DNA,Fire,FakeLove,Idol,Permission to Dance,Butter အစရှိတဲ့သီချင်းတွေနဲ့ပိုမိုလူသိများလာတဲ့အပြင် ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကိုရရှိကြတာလည်းအတိုင်းထက်အလွန်ပါပဲ။

Photo Credit From Google
Photo Credit From Google

ယခုအခါမှာ BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jin ဟာ နာမည်ကြီး မင်းသား Ju Ji Hoon နဲ့ မင်းသမီး Jun Ji Hyun တို့ ပါဝင် သရုပ်ဆောင်ရိုက်ကူးကြမယ့် "Mount Jiri(Jirisan)"ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Main Theme Song ကို ပါဝင်သီဆိုပေးမှာဖြစ်ပါတယ်။မင်းသား နဲ့ မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ အပြင် Main OST ကိုလည်း BTS အဖွဲ့ဝင် Jin က သီဆိုမှာဆိုတော့ ဒီရုပ်သံဇာတ်လမ်းတွဲကတော့ လုံးဝကိုအောင်မြင်မှာအသေအချာပါပဲလို့ ပရိတ်သတ်အများစုက ထင်ကြေးပေးနေကြပါတယ်။Jin ရဲ့ပရိတ်သတ်တွေကလည်း အရမ်းကို ပျော်ရွှင်နေခဲ့ကြပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Mount Jiri
Photo Credit From Mount Jiri
Photo Credit From Mount Jiri
Photo Credit From Mount Jiri
Photo Credit From Mount Jiri
Photo Credit From Mount Jiri
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T