မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် စိတ်ပူနေခဲ့ရကြောင်း ဖွင့်ပြောလာခဲ့တဲ့ မင်းသမီး နန်းစန္ဒာလှထွန်း

//s9.kh1.co/3e/3eaa2740a594f6415ba4dd08ea84af4ef797a0b5.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ပြန်လည်ကျန်းမာလာတာ တကယ်ကိုဝမ်းသာရပါတယ်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မင်းသမီးချောလေး နန်းစန္ဒာလှထွန်း ဆိုရင်တော့ ပရိတ်သတ်တွေကြား အပြုံးချိုချို အသံဝဲဝဲနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မင်းသမီးဆိုပြီး အားလုံးက သိကြပါတယ်။သူမဟာ လက်ရှိမှာ မော်ဒယ် နှင့် သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun

သူမဟာ ဒီရက်ပိုင်းထဲ အလုပ်ရှုပ်နေရခြင်းအကြောင်းအရင်းကို ယမန်နေ့ က သူမရဲ့ Facebook စာမျက်နှာပေါ်မှာရေးသားလာခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ ကိုဗစ် ရောဂါဝေဒနာကို ခံစားနေခဲ့ရကြောင်း သူမဟာ ဖွင့်ဟလာခဲ့ပါတယ်။သူမဟာ သူမ မိခင်အနားမှာ တစ်လခွဲတောက်လျှောက် ပြုစုခဲ့ရတယ်လို့လည်းဆိုထားပါတယ်။လက်ရှိမှာပျောက်ကင်းသွားပြီဖြစ်ကြောင်းကိုလည်းပြောပြထားပါတယ်။

Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun

သူမဟာ "အခုချိန်ထိအမြဲတမ်း တစ်ခုခုဆို အနားမှာပြုစုခွင့်ရလို့ သမီးကံကောင်းတယ် မားမား ..ဒီနေ့ဆို မားမား Covid ဖြစ်တာ တစ်လခွဲရှိသွားပြီ .. post Covid လက္ခဏာပဲ ကျန်တယ် … ကျေးဇူးတင်ပါတယ် မားမား ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ရှိနေပေးလို့ ??? ကိုယ်ကတော့ ခုချိန်ထိ N ပဲ .. Thanks God "လို့ သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ သမီးအလိမ္မာလေး ဖြစ်တဲ့ နန်းတစ်ယောက် သူမ မေမေကိုပြုစုနေတဲ့ပုံတွေကို ပရိတ်သတ်ကြီးကြည့်ရှုခံစားလို့ရအောင်မျှဝေပေးလိုက်ရပါတယ်ရှင်။

Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Photo Credit From Nan Sandar Hla Tun
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T