အင်တာနက်ရရှိနိုင်ဖို့ တစ်နာရီတစ်သောင်းနှုန်းပေးကာ သုံးစွဲနေရတဲ့ ဖာကန့်ဒေသရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/8c/8ced2f8a159d547979a77fdcf8b387eeab978d0f.png
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

..

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းသုံးနိုင်ဖို့အတွက် (၁) နာရီ တစ်သောင်းနှုန်းပေးကာ သုံးစွဲနေရေကြောင်း ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။ အွန်လိုင်းပေါ်က အလုပ်လုပ်ကိုင်နေသူတွေအတွက်တော့ မဖြစ်မနေ အသုံးပြုရမှာကြောင့် တစ်နာရီတစ်သောင်းပေးကာ သုံးစွဲနေကြတာတွေလည်းရှိနေပါတယ်။ ဖုန်းဆိုင်အကြီးတွေမှာ တစ်နာရီတစ်သောင်းပေးသုံးနေရသလို ဟိုတယ်တွေမှာလည်း ညလုံးပေါက်ကိုတစ်သိန်းနဲ့ အသုံးပြုနိုင်တာတွေလည်းရှိနေပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ယခင်ကလွတ်လွတ်လပ်လပ်သုံးစွဲနိုင်ပြီး သတင်းအချက်အလက် ပွင့်ပွင့်လင်းလင်း ဝေမျှနိုင်တဲ့ အခြေအနေကနေ အင်တာနက်ကိုတစ်နာရီတစ်သောင်းပေးသုံးရတဲ့အထိ ဆုတ်ယုတ်သွားတာတော့ တကယ်ကိုရင်နာစရာကောင်းလွန်းပါတယ်။ " တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လို system (စနစ်) စက်တွေနဲ့သုံးလဲဆိုတာတော့မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂) ဆိုင် (၃) ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည (၁) သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်းရှိတယ် "လို့ ဒေသခံတွေကဆိုပါတယ်။

Photo Credit - National Unity Media - NUM's FB Acc
Photo Credit - National Unity Media - NUM's FB Acc

များသောအားဖြင့် Online Shop သမားတွေနဲ့ ကျောက်သမားအများစုကသုံးစွဲနေကြကြောင်းလည်း သိရပါတယ်။ သတင်းအချက်အလက်စီးဆင်းမှုကိုဖြတ်တောက်ချင်တာကြောင့် အခုလို အင်တာနက်လိုင်းတွေဖြတ်ခဲ့တာလို့ ဒေသခံတစ်ချို့ကဆိုပါတယ်။ အခုလိုဖြတ်တောက်ထားတာ သြဂုတ်လ (၂၀) ရက်နေ့ကတည်းကဖြစ်ပြီး အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးဖို့ကို တောင်းဆိုထားကြပေမယ့် လက်ရှိအချိန်ထိကတော့ အင်တာနက်လိုင်းတွေ ဆက်လက်ဖြတ်တောက်ခံနေရဆဲဖြစ်ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်National Unity Media - NUM's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T