ရေနွေကြမ်းသောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး

//s9.kh1.co/c7/c78e81c5771a7100e94f75574cc21b1128f4b44e.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းဟာ ဆေးတစ်ခွက် ဖြစ်ပါတယ်။ သုတေသန ပြုလုပ်မှုအရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန်အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပညာရှင်များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူတွေဟာ သိသိသာသာ အကျိုး သက်ရောက်မှု ရှိတာကို တွေ့ရှိ ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=489,q=100/0f/0f97dd78c9248b7207de49ca6d049f8893125417.jpg
https://s9.kh1.co/__image/w=600,h=400,q=100/4e/4ef6b7d2a7e3442a5acfeb1930d1a71c107d8305.jpg

နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူတွေဟာ ရေနွေးကြမ်း လုံးဝ မသောက်တဲ့ သူတွေထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်းတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာသောက်တဲ့သူတွေဟာ ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရပါတယ်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများဟာ ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ်နေသည်ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=408,q=100/82/82ba33631cf6903f7c2d113d6ba12a3c858b3a51.jpg
https://s9.kh1.co/__image/w=600,h=387,q=100/94/94ba507f6362139a77a1711da1591069ab0ba829.jpg

လက်ဖက်ခြောက်တွင် ပါဝင်သော ဖလေဗွန်နွိုက်ဓာတ်ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးတာကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြောဆိုင်ရာ အန္တရာယ်ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်ခြင်း အန္တရာယ်ကို ကာကွယ်နိုင် ပါတယ်။

သတင်း အရင်းအမြစ်Healthline

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T