အခြေအနေတွေအရ ရှောင်တိမ်းနေရပေမယ့် ဖခင်ဖြစ်သူအတွက် ရည်စူးကုသိုလ်တွေပြုလုပ်ကာ ဝမ်းနည်းနာကျင်နေရတယ်ဆိုတဲ့ ညီနန္ဒ

//s9.kh1.co/3c/3c7a37d5daf3cdf2dc9ab70f51e7fa5c292d1fda.jpeg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်ညီနန္ဒကတော့ အမှန်တရားအတွက် ရည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုဆွေမှာ ပါဝင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လတ်တလောမှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေနဲ့အဝေးမှာ ရောက်ရှိနေတဲ့အချိန် ဖခင်ဖြစ်သူကွယ်လွန်သွားတာကြောင့်လည်း ဖြေမဆည်နိုင်အောင် ထိခိုက်နာကျင်နေရတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

ညီနန္ဒကတော့ ဖခင်ကြီးကွယ်လွန်ခြင်း (၂)လပြည့်နေ့လေးမှာလည်း ကောင်ူမှုတွေပြုကာ ရည်စူးကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ခြင်း (၂)လပြည့်အတွက် မြောက်ဒဂုံ ကန်ဦးကျောင်းက ဆရာတော်နဲ့ သံဃာတော်တွေအတွက် နေ့ဆွမ်းအဖြစ် "စနိုးဦး ဆိတ်သားလုံး ထောပတ်ထမင်း" "စနိုးဦး ကြက်သားထောပတ်ထမင်း" "စနိုးဦး အဟာရကြက်ဥပေါင်း" တွေကို ဆက်ကပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

ကွယ်လွန်သွားတာ နှစ်လပြည့်သွားခဲ့ပေမယ့် ယနေ့အချိန်ထိ စိတ်ထိခိုက်ဝမ်းနည်းနေရတဲ့အကြောင်းတွေကိုလည်း ညီနန္ဒက ဖွင့်ဟပြောပြထားပါသေးတယ်။ ဖခင်သက်ရှိထင်ရှားရှိတဲ့အချိန်က "ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီး စနေသားဦးထွန်းမင်း" လို့ ကန်တော့နေခဲ့ပြီး  အခုချိန်မှာတော့  "ပစ္စုပ္ပန်၌ တော်စပ်'ခဲ့'သော ဖခင်ကြီး စနေသားဦးထွန်းမင်း" လို့ ကန်တော့နေရကာ ခဲ့'ဆိုတဲ့စာလုံးကို ဖြည့်ပြီး ရွတ်တဲ့အချိန်တိုင်း စိတ်ထိခိုက်နာကျင်ရသလို အရမ်းလည်းသတိရနေတဲ့အကြောင်းတွေ ပြောပြထားတာ ဖြစ်ပါတယ်။ 

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

သတင်း အရင်းအမြစ်Nyi Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T