နေအိမ်အပြင်ဘက်ကို ထွက်ထိုင်နေရင်း ရုတ်တရက် ကျားသစ်တစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ထိပ်လန့်ဖွယ် ရုပ်သံ

//s9.kh1.co/b1/b16a8d799040b7fc33c6740477c6e5e9b0fc286c.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးအား ကျားသစ် တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံရတဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်တစ်ခုကို နိုင်ငံသတင်းများက ဖော်ပြလာတာတွေ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ မွန်ဘိုင်းဆင်ခြေဖုံး Goregaon's Aarey Milk Colony မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်မှာ အသက် (၅၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်အပြင်ဘက်တွင် ထွက်ထိုင်နေစဉ် အသင့်စောင့်နေတဲ့ Nirmaladevi Singh ဟုအမည်ရသော ကျားသစ်တစ်ကောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - India today
Photo Credit - India today
Photo Credit - India today
Photo Credit - India today

ကျားသစ်တိုက်ခိုက်ခံရတဲ့ အချိန်မှာတော့ သူမဟာ မြေပြင်သို့လဲကျသွားပြီး ပါလာတဲ့ တောင်ဝှေးလေးနဲ့ ရိုက်ထုတ်ခဲ့ရသလို ပတ်ဝန်းကျင်ကိုလည်း အကူအညီ အော်ဟစ်တောင်းခဲ့တယ်လို့ ဆိုထားပါတယ်။ နောက်ဆုံးမှာတော့ ကျားသစ်တိုက်ခိုက်ခံရမှုကြောင့် အဆိုပါအမျိုးသမီးဟာ အသက်အန္တရယ် မစိုးရိမ်ရပေမယ့် သူမရဲ့မျက်နှာ၊ တံတောင်၊ လက်၊ ကျောနှင့်ခြေထောက်တို့မှာ ကုတ်ခြစ်ရာများခံစားခဲ့ရပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရကြောင်း ဖော်ပြထားပါတယ်။

Photo Credit - India today
Photo Credit - India today

အဆိုပါ အမျိုးသမီးကို ကျားသစ်တိုက်ခိုက်တာဟာ ယခုဖြစ်စဥ်နဲ့ဆို ဒုတိယအကြိမ်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ထိုဒေသမှာ မကြာသေးမှီက တစ်လအတွင်း ကျားသစ်လေးကောင်တိုက်ခိုက်ခံရပြီးနောက် သစ်တောအရာရှိများနှင့်ထိန်းသိမ်းစောင့်ရှောက်သူများက တောအနီး လူနှင့် တိရစ္ဆာန်ပဋိပက္ခကို စောင့်ကြည့်ဖို့အတွက် CCTV ကင်မရာများ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - India today

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T