တောင်ကြီးမြို့တွင် စက်သုံးဆီဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာသဖြင့် တန်းစီဝယ်ယူနေကြ

//s9.kh1.co/1e/1e8608b7e65a2833f766b92667a8fa8310615a0f.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဒုက္ခတွေကြီးလိုက်ကြတာနော် .....

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၈ လအကြာမှာ  စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်လာတာကြောင့် စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်လာသလို ဝယ်လိုသူတွေလည်း တန်းစီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ယခင်က တစ်လီတာကို (၇၀၀) ကျပ် ဝန်းကျင်မှာပဲရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေက အခုဆိုရင် အမျိုးအစားအလိုက် တစ်လီတာကို အနည်းဆုံး (၁၃၇၅) ကျပ်ကနေ အများဆုံး (၁၄၄၅) ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

Photo Credit : Shwe Phee Myay News Agency
Photo Credit : Shwe Phee Myay News Agency

စက်တင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စက်သုံးဆီစျေးတွေ အဆမတန် မြှင့်တက်နေပြီး ဝယ်လိုသူတွေလည်း တန်းစီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ တန်းစီပြီး ဝယ်ယူဖို့ စောင့်ဆိုင်းနေသူတွေထဲမှာ အချို့က ဓာတ်ဆီ ပြတ်လပ်မှာကို စိုးရိမ်နေကြပြီး ၊အချို့က ဓာတ်ဆီစျေး ပိုမိုမြှင့်တက်လာမှာကို စိုးရိမ်တဲ့အတွက် တန်းစီဝယ်ယူနေကြတာ ဖြစ်ပါတယ်။

Photo Credit : Shwe Phee Myay News Agency
Photo Credit : Shwe Phee Myay News Agency

တောင်ကြီးမြို့ ရွှေဇင်ယော် (BOC) ဆီပန့်ဆိုင်မှာ မနေ့မှာတော့ လီတာ ၄ သောင်းပဲ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အချို့မှာတော့ ဆီပြတ်လပ်တော့မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဓာတ်ဆီကို လုဝယ်နေရတယ်လို့ သိရပါတယ်။

Photo Credit : Shwe Phee Myay News Agency
Photo Credit : Shwe Phee Myay News Agency

အာဏာသိမ်း စစ်ကောင်စီကတော့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ စက်သုံးဆီတွေကို ခွဲတမ်းအလိုက် အထူးဈေးနှုန်းနှင့် ရောင်းချပေးသွားမယ်လို့ ဆိုထားပါတယ်။

Source : Shwe Phee Myay News Agency

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T