တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လွိုင်ကော်မြို့ ကုန်းသာရှိနေအိမ်အဆောက်အဦးများ ပျက်ဆီးနေမှုမြင်ကွင်းများ

//s9.kh1.co/48/484d870ee8ba15d6b99168890af3ec764dd51f74.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

လတ်တလော ကယားပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လက်‌အောက်ခံတပ်တွေကြား တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနေတာကိုတွေ့ရပါတယ်။ တစ်ဖက်ကလည်း မြို့ပေါ်ဒေသတွေကိုပါအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်‌ခတ်နေတာပါ။ လက်ရှိမှာဆိုရင်လည်း ဒေသခံပြည်သူတွေက ဘေးလွတ်ရာတွေမှာ နေအိမ်တွေစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လွိုင်ကော်ရှိ ကုန်းသာကျေးရွာမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ကျဆုံးတဲ့ရဲဘော်တွေလည်း ရှိလာနေသလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်တွေပါ မီးလောင်ပျက်ဆီးနေတာကို တွေ့ရပါတယ် ။ ကျေးရွာနေပြည်သူတွေခမျာမှာလည်း စစ်ဘေးရှောင်နေကြရတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီက ကရင်နီလူမှုကွန်ယက်စာမျက်နှာတစ်ခုကနေ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပျက်‌ဆီးဆုံးရှုံးသွားရတဲ့ ပြည်သူတွေရဲ့ နေအိမ်ပုံရိပ်အချို့ကိုတင်ပေးလာတာ တွေရပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်New Light in Karenni's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T