မြစ်ခြေမြို့လေးမှာ သံဃာတော်တွေနဲ့အတူဆွမ်းလိုက်ခံကာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်းနေထိုင်နေတဲ့ ရဲလေးမ

//s9.kh1.co/fe/feebac688eac83b24e4f988c512b0310b1405b1f.jpg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကြောင့် နေရာတစ်နေရာကိုရပ်တည်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ရဲလေးမ က ဗီဒီယိုဇာတ်ကားများစွာမှာ မိန်းမလျာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲလေးမက အနုပညာအလုပ်တွေလည်း ရပ်ထားရတာကြောင့် တနိုင်တပိုင်မုန့်ဟင်းခါးလေးရောင်းကာ ၀မ်းရေးအတွက် ဖြေရှင်းနေတာဖြစ်ပါတယ်။

Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc

ကိုဗစ်ကူးစက်မှု ကာလတွေမှာလည်း စီးပွားရေးတွေ ခက်ခဲနေပေမယ့် ကြုံရင်ကြုံသလို တတ်နိုင်တဲ့အင်အားလေးနဲ့ အလှူအတန်းတွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အလှူလေးတွေကလည်း ချစ်တဲ့ပရိသတ်တွေအတွက် လေးစားအတုယူစရာ ဖြစ်ခဲ့ရပါတယ်။ အခုအခါမှာလည်း ရဲလေးမက မြစ်ခြေမြို့လေးကို ရောက်ရှိနေတာဖြစ်ပြီး သံဃာတော်အတွက် သင်္ကန်းလျှော်ဖွတ်ပေးသလို ဆွမ်းလိုက်ခံပေးရင်းနဲ့လည်း ကုသိုလ်တွေပြုလုပ်နေတာတွေ့ရပါတယ် ။

Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc

ဒီအကြောင်းအရာလေးကိုလည်း ရဲလေးမဟာ Facebookစာမျက်နှာမှာ "မြစ်ချေမြို့ရွှေပင်ပျိုကျောင်းမှာမုန့်ဟင်းခါးဆွမ်းလေးလှူပြီးကျောင်းရှိ့သံဃာများနဲ့ဆွမ်းလိုက်ခံပြီး

ကုသိုလ်ယူခဲ့ပါတယ်မသေချတဲ့လူ့ဘဝမှာသေချာတာတစ်ခု့ကဉာဏ်ဦးအောင်ကုသိလ်ပြုတယ်ခုဘဝရောနောင်ဘဝပါအကျိုးဆက်လိုက်ပါတယ်အဲ့တော့ကုသိုလ်ပဲယူမယ်အားလုံးအပေါ်ချစ်တယ်...." ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Ye Lay Ma's Facebook acc
Photo credit-Ye Lay Ma's Facebook acc

သတင်း အရင်းအမြစ်Ye Lay Ma's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T