အက်စစ်နဲ့ မျက်နှာကို အပက်ခံခဲ့ရပေမယ့်လည်း ဘ၀ကို အရှုံးမပေးကြတဲ့ အိန္ဒိယက အမျိုးသမီးလေးများ

//s9.kh1.co/4c/4ce92c69558f5ec15769449e953b19a4b1dd73ab.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံ အူဒါပရာဒတ်ပြည်နယ် မြောက်ပိုင်းမှာ Agra ဆိုတဲ့မြို့လေးတစ်မြို့ရှိပါတယ်။ အဲ့ဒီ Agra ဆိုတဲ့မြို့မှာ Sherose ဆိုတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ အဲ့ဆိုင်မှာရှိ တဲ့အမျိုးသမီးတွေဟာ မျက်နှာကို အက်စစ်နဲ့အပက်ခံထားရတဲ့ သူတွေပါ။ အက်စစ်နဲ့ပက်လိုက်တဲ့အမျိုးသားတွေဟာ ပြစ်မှုတစ်စုံတရာကျသွားပေမယ့် သူတို့ရဲ့မျက်နှာတွေဟာတော့ တစ်ဘဝလုံးစာအတွက်ပျက်စီးသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/6b/6b05440e013192d2c159c5f283989ff6d7a9eb40.jpg
https://s9.kh1.co/__image/w=600,h=401,q=100/38/384d94b70d45a9d48610f78b5a54c73b7e4b138a.jpg

ဆိုင်မှာရောင်းချတဲ့ စားသောက်ဖွယ်ရာတွေကိုဈေးနှုန်း သက်မှတ်ထားခြင်းမရှိပါဘူး။ စားသုံးသူဟာ စေတနာရှိသလောက်ထည့်ဝင်ပြီး သူတို့ရဲ့ဘဝပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေသဘောသာထည့်ဝင်ရတဲ့ ပုံစံကိုပြုလုပ်ထားပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေရဲ့မျက်နှာကို အက်စစ်နဲ့ပက်တဲ့လုပ်ရပ်တွေဟာ များစွာရှိပါတယ်။

https://s9.kh1.co/__image/w=600,h=397,q=100/b6/b6e3a74217eacd950491ab3022990fc736d3e20a.jpg
https://s9.kh1.co/__image/w=600,h=451,q=100/da/da617d3bd059158e13d4357787cd549d21d9cc3c.jpg
https://s9.kh1.co/__image/w=600,h=401,q=100/fb/fbf2748a42cc68f991d509dd211325bdeb866d9a.jpg

ဒီအမျိုးသမီးတွေကတော့ ကိုယ်ထူကိုယ်ထ ပြန်လည်ရုန်းကန်နေကြတဲ့ အမျိုးသမီးတွေပါပဲ။ အခုလို အမျိုးသမီးလေးတွေရဲ့ဘဝဟာတကယ်ကို စာနာဖို့ကောင်းပါတယ်။ ဒါပေမယ့် ခုလိုအက်စစ်နဲ့ အပက်ခံခဲ့ရ‌ပေမယ့်လည်း ဘဝကိုအရှုံးမပေးဘဲ ကိုယ်ထူကိုယ်ထ ပြန်လည် ကြိုးစားနေတဲ့ အမျိုးသမီးလေးတွေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားအတုယူစရာကောင်းပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/97/97d10bfa5bd338a4d44484e412e6c9d550d2d621.jpg
https://s9.kh1.co/__image/w=600,h=401,q=100/1d/1dabdd505a91e4cca1381d982593b34272296e67.jpg
https://s9.kh1.co/__image/w=600,h=400,q=100/34/345691e12fddba90855c3ec9012e234233ac8b04.jpg
https://s9.kh1.co/__image/w=600,h=899,q=100/cf/cf8ea84a8384b18a974c46badd70de81f6a024b8.jpg

သတင်း အရင်းအမြစ်sheroeshangout

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T