ကမ္ဘာ့စံခ‌ျိန် ၂၆ ခုကိုတောင် တင်ထားနိုင်သူဖြစ်တဲ့ ဒတ်ခ်ျလူမျိုး ရေခဲလူသား

//s9.kh1.co/11/11d3c13cbb48f5bb0d71be198c40bf3bbd17472f.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

၀မ်းဟော့ကို ၁၉၅၉ ခုနှစ်မှာမွေးဖွားပြီး သူဟာ ဒတ်ချ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရေခဲလူသားလို့ပဲ လူသိများကြပြီး သူဟာ သာမန်လူတွေ ဘယ်သူမှမနေနိုင်တဲ့ အေးခဲတဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ နေနိုင်ပါတယ်။ ဒီလို သူမတူ ထူးကဲတဲ့ စွမ်းအားတွေနဲ့ ၀မ်းဟော့ဟာ ကမ္ဘာ့စံချိန် ၂၆ ခုကိုတောင် တင်ထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/4e/4e065bd7418493af29fbe25637d032decc30e837.jpg
https://s9.kh1.co/__image/w=600,h=161,q=100/4d/4d2066ca7d86a01e85a80329becc9fc2f3e040e8.jpg

၀မ်းဟော့ဟာ သာမန်လူတွေ ဘယ်လိုမှမနေနိုင်လောက်အောင် အေးခဲတဲ့ရေထဲမှာ သွားလာလှုပ်ရှားပြီး နေနိုင်ပါတယ်။ သာမန်လူတွေထက် လေးဆလောက်ကို အအေးဒဏ်ခံနိုင်ပြီး ရေခဲတွေထည့်ထားတဲ့ ကန်ထဲမှာ ၁နာရီနဲ့ မိနစ် ၅၀ အထိတောင်နေနိုင်ပါတယ်။ နောက်ထပ်ပိုပြီး အံ့အားသင့်စရာကောင်းတာက ၀မ်းဟော့ဟာ ရေခဲမှတ် အနုတ် ၂၀ လောက်ရှိပြီး ၂၆မိုင်လောက်ရှည်လျားတဲ့လမ်းပေါ်မှာ ပြေးပြခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=372,q=100/21/21e561b080ec8d04e0a1b4e43103215892aad5c6.jpg
https://s9.kh1.co/__image/w=650,h=366,q=100/1a/1a525e607c0a13c49298363b3119e9d195b73389.jpeg

ဒါကို နာမည်ကြီး TV Channel တစ်ခုက မယုံတာကြောင့် ၀မ်းဟော့ကို စမ်းသပ်ခဲ့ပါသေးတယ်။ စမ်းသပ်ပုံကတော့ TV ရိုက်ကူးရေးအဖွဲ့သားတစ်ဦး နှင့် ၀မ်းဟော့ကို ရေခဲထဲမှာ ယှဉ်ပြီး နေခိုင်းကာ စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုမှာ TV အဖွဲ့သားဟာ ရေခဲထဲမှာ မိနစ် ၂၀ သာနေနိုင်ခဲ့‌ေပမယ့်လည်း ၀မ်းဟော့ကတော့ မိနစ် ၉၀ ကျော်အထိ နေနိုင်ခဲ့ပါတယ်။. စမ်းသပ်မှုအပြီးမှာတော့ TV Channel ဟာ ၀မ်းဟော့ကို ယုံကြည်သွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=340,h=226,q=100/bd/bd712ab39aee6d6f6a1a3573a62b856066b21117.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T