ဂျပန်နိုင်ငံက ထူးထူးဆန်းဆန်း လူမျက်နှာနဲ့ ကျောက်တုံးများရှိရာ ပြတိုက်

//s9.kh1.co/a5/a576033ca22e7ce6ce75530ae19b8e5298e1c26f.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံရဲ့ တိုကျိုမြို့ကို သွားလည်ဖြစ်ခဲ့ရင် မြို့ထဲကနေ (၂)နာရီလောက်သွားရတဲ့ ချီချီဘူမြို့လေးကို သွားလည်စေချင်ပါတယ်။ ၎င်းမြို့လေးမှာ တမူထူးခြားတဲ့ပြတိုက်လေးတစ်ခုရှိပြီး ဘာကြောင့်ထူးခြားရလဲဆိုရင် ပြတိုက်ထဲမှာ ပြထားတဲ့ ကျောက်တုံးတွေဟာ လူမျက်နှာနဲ့တူတဲ့ ကျောက်တုံးလေးတွေဖြစ်နေလို့ပါ။ ပြတိုက်ရဲ့ မူလပိုင်ရှင်က နှစ် (၅၀)ကျော်ကြာအောင် လူမျက်နှာနဲ့တူတဲ့ ကျောက်တုံးလေးတွေကို လိုက်ရှာဖွေစုဆောင်းခဲ့ခြင်းဖြစ်ပြီး ပြတိုက်ရှိ ကျောက်တုံး (၁၇၀၀)အနက် (၉၀၀)မှာ လူမျက်နှာကျောက်တုံးတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=910,q=100/1c/1c963faad348f78f10d01e6289cb319c4a5136a2.jpg
https://s9.kh1.co/__image/w=650,h=433,q=100/84/84ad318d0da75c73b2a11a5ca3818d8ae0c3d97e.jpg

‌အဆိုတော်ပရက်စလေမျက်နှာနဲ့တူတဲ့ ကျောက်တုံးပါ ပြတိုက်မှာရှိပြီး Boris Yeltsin လို နိုင်ငံရေးအကျော်အမော်တွေကနေ Donkey Kong လို ဂိမ်းဇာတ်ကောင်နဲ့တူတာတွေပါ ရှိပါတယ်။ပြတိုက်ပိုင်ရှင် ကတော့ လာရောက်ကြည့်ရှုတဲ့ ဧည့်သည်တွေကို သူတို့မျက်နှာ နဲ့ တူတဲ့ ကျောက်တုံးတွေကို တွေ့ခဲ့ရင် နာမည်ပေးနိုင်တယ်လို့လည်းဆိုနိုင်ပါတယ်။ တချို့ကျောက်တုံးတွေကတော့ မျက်နှာပိုင်ရှင်တွေက နာမည်ပေးခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာကြောင့် သူတို့ရဲ့ ဓါတ်ပုံတွေအစား နာမည်တွေကိုသာ ဖော်ပြထားတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/da/dac341ced74fc95a7c9f466e48710a45051304b9.jpg
https://s9.kh1.co/__image/w=650,h=867,q=100/de/de6ea6aa14d3018ab49e9bf50bbaad917f1636c1.jpg

ပြတိုက်နာမည်ကတော့ ချင်းဆဲခိခန်ပြတိုက်ပါ။ မူလပိုင်ရှင်က ကွယ်လွန်သွားပြီဖြစ်တဲ့အတွက် ဇနီးသည် ယိုရှီကိုဟာ့ရာ့မာ့က ပြတိုက်ကို ဆက်လက်ထိန်းသိမ်းဖွင့်လှစ်ထားပါတယ်။ ပုံလေးတွေကြည့်ရင်း ကိုယ့်မျက်နှာနဲ့တူတဲ့ကျောက်တုံးပါမပါ ဆိုတာလေး တစ်ချက်လောက်ကူရှာကြည့်ကြပါဦးနော်။ တကယ်လို့ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ခဲ့ရင်လည်း ထူးခြားတဲ့ဲပြတိုက်လေးကို သွားဖြစ်အောင်သွားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

https://s9.kh1.co/__image/w=650,h=488,q=100/aa/aa6cc050e74efdaeea8118733b65d18cc4d9b717.jpg
https://s9.kh1.co/__image/w=650,h=420,q=100/a5/a55e16adee1011c613b07b4c3396d06a9229fd76.jpg
https://s9.kh1.co/__image/w=650,h=354,q=100/50/50565a2db770b5529b368d7a69a98dd68d08641e.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T