ရုပ်ရှင်တွေတူတူတွဲရိုက်ရင်း ရည်းစားတွေဖြစ်သွားကြတဲ့ ကိုရီးယားအနုပညာရှင်များ

//s9.kh1.co/f5/f538aa472525693cbdca837abcb8adea05c68dc2.jpg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ဇာတ်ကားထဲက အချစ်က တကယ့် Real Life အထိပါ ကူးစက်သွားခဲ့တဲ့ ...........

အနုပညာရှင် အချင်းချင်း မထင်မှတ်တဲ့ တွေ့ဆုံမှုတွေကတဆင့် နှစ်ဦးကြား သံယောဇဉ် တွယ်သွားမိတတ်သလို၊ ပရိသတ်တွေက လိုက်ဖက်မှုရှိတယ်လို့ သတ်မှတ်ထားရင်းကလည်း အမှန်တကယ်ဖြစ်ပေါ်လာတတ်ပါတယ်။ ကိုရီးယားအချစ်ဇာတ်လမ်းတွေကို တူတူတွဲရိုက်ကြရင်းနဲ့ အပြင်လောကမှာပါ ချစ်ကျွမ်းဝင်သွားတဲ့ ဆယ်လီ စုံတွဲတွေလည်းရှိပါတယ်။ ဇာတ်ကားထဲက အချစ်က တကယ့် Real Life အထိပါ ကူးစက်သွားခဲ့တဲ့ ကိုရီးယားထိပ်တန်း အနုပညာရှင် စုံတွဲတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဂျီဆောင်းနဲ့ လီဘိုယောင်း

Photo Credit : Original Uploader  
Photo Credit : Original Uploader  

မင်းသား ဂျီဆောင်းနဲ့ မင်းသမီး လီဘိုယောင်းတို့က “The Last Dance For Me” ဇာတ်ကားရိုက်ရင်း ၂၀၀၇ ခုနှစ်မှာတွဲဖြစ်ခဲ့ကြတာပါ။ လက်မထပ်ခင် ကြားထဲမှာလည်း လမ်းခွဲသတင်းတွေ ထွက်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

ဂျန်ဒေါင်ဂန်းနဲ့ ဂိုဆိုယောင်း

Photo Credit : Original Uploader  
Photo Credit : Original Uploader  

ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ စပေါ်ခါစကတည်းက မြန်မာပရိသတ်တွေက “ဒါရိုက်တာရင်”လို့ ချစ်စနိုးခေါ်ခဲ့တဲ့ မင်းသား ဂျန်ဒေါင်ဂန်းနဲ့ မင်းသမီး ဂိုဆိုယောင်းတို့ စုံတွဲပါ။ “Love Wind Love Song” ဇာတ်ကားကို အတူတူရိုက်ကူးရင်း အရင်းနှီးဆုံး သူငယ်ချင်းအဖြစ်ကနေ နောက်နှစ်အနည်းငယ်အကြာမှာ မေတ္တာသက်ဝင်ခဲ့ကြတာပါ။ ၂၀၀၉ ခုနှစ်မှာ သူတို့နှစ်ဦးရဲ့ သမီးရည်းစား ဆက်ဆံရေးကို အတည်ပြုခဲ့ကြပြီး တနှစ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။

ဂီတေယောင်းနဲ့ ယူဂျင်း

Photo Credit : Original Uploader  
Photo Credit : Original Uploader  

အဆိုတော်အဖြစ် အောင်မြင်ခဲ့ရာကနေ သရုပ်ဆောင်အဖြစ် ကူးပြောင်းခဲ့တဲ့ မင်းသမီး ယူဂျင်းနဲ့ မင်းသား ဂီတေယောင်းတို့က ဇာတ်ကား အတူရိုက်ရင်း ဆုံတွေ့ခဲ့ကြတာပါ။ စရိုက်ခါစမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု မဖြစ်သေးပေမယ့် ရိုက်ကူးရင်း ပရိသတ်ကလည်း လိုက်ဖက်မှု ရှိတယ်လို့ ထင်ကြေးပေးရာကနေ နောက်ဆုံးမှာ မင်းသား ဂီတေယောင်းကပါ ယူဂျင်းကို စိတ်ဝင်စားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ရွှေလက်တွဲခဲ့ကြပါတယ်။

အန်းဂျေးဟွန်းနဲ့ ဂူဟေဆန်း

Photo Credit : Original Uploader  
Photo Credit : Original Uploader  

“Blood” ဇာတ်ကားရိုက်ကူးရင်း မမရဲ့အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ မင်းသား အန်းဂျေးဟွန်းက မင်းသမီး ဂူဟေဆန်းကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ဗီဒီယိုလေးက အမျိုးသမီးတွေ မနာလိုချင်စရာကောင်းလောက်အောင်ကို Romantic ဆန်လွန်းခဲ့ပါတယ်။ အခုချိန်မှာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်နေပါပြီ။

လီဒေါင်ဂန်နဲ့ ဂျိုယွန်ဟီး

Photo Credit : Original Uploader  
Photo Credit : Original Uploader  

KBS ရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ “The Gentleman of Wolgyesu Tailor Shop” ဇာတ်လမ်းတွဲမှာ အတူ သရုပ်ဆောင်ရင်း ချစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ သတင်းတွေ စထွက်ချိန်မှာ မင်းသား လီဒေါင်ဂန်ဟာ Tara အဖွဲ့က ဂျီယွန်းနဲ့ လမ်းခွဲထားတာ မကြာသေးပါဘူး။ ပိုပြီး အံ့သြစရာ သတင်းကတော့ ချစ်သူတွေဖြစ်ပြီး ၂ လအကြာမှာ မင်းသားက လက်ထပ်မယ့် သတင်းကို ကြေညာခဲ့တာပါပဲ။

Source : Cleo

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T