အဆမတန်မြင့်တက်လာတဲ့ တရုတ်ယွမ်ငွေတန်ဖိုးကြောင့် တရုတ်-မြန်မာနယ်စပ်နေပြည်သူများ အခက်အခဲပေါင်းစုံ ကြုံတွေ့နေ

//s9.kh1.co/21/2183b2b449b50ae857160d7cbc0ffb7e0dbf6558.png
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တရုတ်နဲ့မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာပြည်သူတွေဟာ လက်ရှိမြန်မာ့ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့ မြန်မာ့ငွေကြေးတန်ဖိုးနိမ့်ကျလာမှုကြောင့် အတော်လေးကို အခက်တွေ့နေရပါတယ်။ တရုတ်ယွမ်ငွေဈေး ဟာ အဆမတန်တက်သွားခဲ့ပြီး တရုတ်ယွမ်ငွေ (၁၀၀) ကျပ်ကို မြန်မာငွေ ကျန်လေးသောင်းဝန်းကျင်အထိ ကိုရှိနေခဲ့ပါတယ်။ ဒီလိုအဆမတန် မြင့်တက်လာတဲ့ နိုင်ငံခြားငွေနဲ့ တဖြည်းဖြည်းနိမ့်ကျလာတဲ့ မြန်မာငွေ တန်ဖိုးတို့ကြားမှာ ပြည်သူတွေဟာ အလူးအလဲကို ဒုက္ခခံနေခဲ့ရပါတယ်။

Photo Credit - Shan News (Burmese Version)'s FB Acc
Photo Credit - Shan News (Burmese Version)'s FB Acc

ကုန်ဈေးနှုန်းတွေဟာလည်း နှစ်ဆလောက်မြင့်တက်သွားခဲ့ပြီး အခြေခံလူတန်းစားတွေအတွက် ထမင်းတစ်နပ်စားဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခက်အခဲတွေကြုံတွေ့လာခဲ့ရပါပြီ။ တိုင်းပြည်ရဲ့ လတ်တလောအခက်အခဲမှာ လူတန်းစားမရွေး ကျပ်တည်းနေကြပြီး ခါးလှဖို့မဆိုထားတဲ့ ဝမ်းဝဖို့အတွက်တောင် အတော်လေးလှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေပါ။ အဖက်ဖက်က မငြိမ်းချမ်းတဲ့အနေအထားတွေရှိနေတာကြောင့် ပြည်သူတစ်ရပ်လုံး စိတ်မချမ်းမသာဖြစ်နေရတဲ့ အခြေအနေတွေပါ။

Photo Credit - Shan News (Burmese Version)'s FB Acc
Photo Credit - Shan News (Burmese Version)'s FB Acc

တရုတ်ယွမ်ဈေးတက်သွားတဲ့အတွက်ကြောင့် မြန်မာနဲ့ တရုတ်နယ်စပ်မှာနေထိုင်တဲ့ ပြည်သူတွေဟာ မြင့်တက်သွားတဲ့ယွမ်ဈေးနဲ့ လဲလှယ်ရမယ့်မြန်မာငွေရဲ့တန်ဖိုးကို ညီအောင်ရှာဖွေဖို့ဆိုတာ လတ်တလော အခြေအနေတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတို့ကြားမှာ မညီမျှခြင်းများစွာရှိနေခဲ့ပြီး အခက်အခဲပေါင်းစုံ ကြုံတွေ့နေခဲ့ရကြောင်း ကနဦးသတင်းတွေအရ သိရပါတယ်။ ခက်ခဲတဲ့အခြေအနေတွေ အမြန်ဆုံး လွန်မြောက်ပြီး အဆင်ပြေတဲ့အခြေအနေတွေဖြစ်လာစေဖို့ မျှော်လင့်ပါတယ်။

Photo Credit - Shan News (Burmese Version)'s FB Acc
Photo Credit - Shan News (Burmese Version)'s FB Acc

သတင်း အရင်းအမြစ်Shan News (Burmese Version)'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T