မိုးမခရေလည်ပရဟိတမိဘမဲ့ဂေဟာ ကျောင်းမှာ မိခင်ဖြစ်သူနဲ့အတူ လိုအပ်တာတွေလှူဒါန်းကုသိုလ်ယူခဲ့တဲ့ နေဒွေး

//s9.kh1.co/4f/4fe9f17be1d9a1b64dff854dde50ba86b29ddde1.jpeg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသားချော နေဒွေးကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုရရှိထားသူပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ 

Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page

လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေတဲ့ နေဒွေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိဘမဲ့ကလေးငယ်လေးတွေအတွက် လှူဒါန်းကုသိုလ်ပြုခဲ့ပြန်ပါတယ်။ မိခင်ဖြစ်သူနဲ့အတူ မိုးမခရေလည်ပရဟိတမိဘမဲ့ဂေဟာ ကျောင်းမှာ ဆရာတော်သံဃာတော်၊ သီလရှင်ဆရာလေးတွေနဲ့ ကလေးငယ်လေးတွေအတွက် အလှူငွေတွေနဲ့ စားသောက်ကုန်တွေအပြင် အခြားလိုအပ်တာတွေကို လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page

လှူဒါန်းမှုပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေအပြင် Live လွှင့်ပြီးတော့လည်း ကုသိုလ်ယူခဲ့တဲ့အမှတ်တရလေးတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာလည်း တွေ့ရပါတယ်။ ပြည်သူတွေနဲ့ မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေကလည်း နေဒွေးတို့သားအမိတွေရဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ် ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page
Photo Credit - နေဒွေး Fb Page

သတင်း အရင်းအမြစ်နေဒွေး Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T