ဟိုးအရင်နှစ်တွေတုန်းက လူလူချင်း ရုံသွင်းပြစားခဲ့တဲ့ ပုံရိပ်များ

//s9.kh1.co/af/af901a5b8bfcc6eab196ba88d5c6552bae3abbe8.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်း​က လွဲမှားတဲ့ အယူအဆတွေနဲ့ လူလူချင်း ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဟိုးအရင်ခေတ်တွေတုန်းက အသားအရောင် ခွဲခြားမှုတွေ တော်တော်များများရှိခဲ့ပြီး လူမည်းအများစုဟာ ဖိနှိပ်မှုတော်တော်များများကို ခံစားခဲ့ရပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ လူလူချင်း ရုံသွင်ပြစားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=321,q=100/1f/1f8fd691330b5b1bcf2a9b663cf846e76537d33c.jpg
https://s9.kh1.co/__image/w=600,h=337,q=100/3b/3b1b4197f0a93fb07acd2ef5187be831a10c36bc.jpg

သမိုင်းအထောက်အထား ပုံတွေအရ အခုလို ရုံသွင်းပြစားတာတွေဟာ ၁၉ရာစု နှစ်တွေထဲက စတင်ခဲ့တာ ဖြစ်ပြီး ထိုစဉ်က အာဖရိကတိုက်မှ လူမျိုးတွေကို ကျေးကျွန်အဖြစ်ခိုင်းစေရန်အတွက် နယ်မြေကိုလိုနီနယ်ချဲ့ကာ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပါတယ်။ ဒီအထဲမှ အချို့ကိုတော့ အိမ်နဲ့လုပ်ငန်းခွင်မှာ ခိုင်းစေရန်အတွက် ခေါ်လာခဲ့တာဖြစ်ပြီး တချို့ကိုတော့ လူတွေအထူးအဆန်းလာကြည့်ကြအောင် ရုံသွင်းပြစားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=438,q=100/f5/f55674abeadc8adfc7246c3f3d110d2a6b6c1c0b.jpg
https://s9.kh1.co/__image/w=600,h=581,q=100/b8/b84cd9964a52f21180a82d4c144a91f4c5c11b16.jpg

ထိုခေတ်အခါတုန်းက ဗဟုသုတနည်းပါးခဲ့တဲ့အပြင် လူမျိုးကြီးဝါဒကို လက်ကိုင်ထား ကျင့်သုံးခဲ့တာကြောင့် အသားအရောင်ကွဲပြားမှုကို လက်ညိုးထိုးပြီး လူမျိုးရေး ခွဲခြားတဲ့ လူပ်ရပ်တွေကို လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာတော့ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေဟာ တော်တော်လေးနည်းပါးသွားပြီဆိုပေမယ့် အရင်ခေတ်အခါက လူသားအချင်းချင်း လူဖြူ ၊ လူမည်းခွဲခြားကာ ရုံသွင်းပြစားတဲ့ ပုံရိပ်တွေကို ဗဟုသုတရစေရန်အတွက်ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=600,h=408,q=100/ad/ad5027feaf6b8edd8c7a3ad9c8f0f85b21fa099c.jpg
https://s9.kh1.co/__image/w=600,h=390,q=100/83/83618d91b9d9d9fcfaa8c09e7572fb3af1a2b6f2.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T