အရင်းအနှီးမရှိလို့ မုန့်အကြွေးယူရောင်းနေရတဲ့အဖွားအတွက် ပီတိဖြစ်စရာအလှူလေးတစ်ခု လုပ်ပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/41/41ee766a6aa4ae34011ee3b476c1f017a6f162c1.png
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတအလုပ်တိုင်းကို တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ ကိုပူတူးဟာ ဒီနေ့မှာလည်း မုန့်ရောင်းနေတဲ့အဖွားတစ်ယောက်အတွက် မုန့်တွေအကုန်ဝယ်တဲ့အပြင် အဖွားလိုတာသုံးဖို့ဆိုပြီး ငွေငါးသောင်းကူညီပေးခဲ့ပါတယ်။ အခုလိုကူညီလိုက်တာကြောင့် အဖွားဟာ အကြွေးဆပ်လို့ရနိုင်ပြီ ဆိုပြီးပျော်မဆုံးဖြစ်နေခဲ့တာပါ။ အရင်းအနှီးမရှိလို့ မုန့်တွေအကြွေးယူရောင်းနေရပေမယ့် အခုလိုကူညီပေးသူနဲ့တွေ့ဆုံရတဲ့အချိန်မှာတော့ သူမက အတော်လေးကိုကျေနပ်နေခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

အချင်းချင်းအပြန်အလှန်ကူညီပေးနေရတဲ့အခြေအနေမှာ ဒီလိုလုပ်ရပ်လေးတွေဟာလည်း နှစ်ဦးနှစ်ဖက် နွေးထွေးရတဲ့အခိုက်အတန့်လေးတွေပါ။ ပိုပြီးအခြေအနေဆိုးဝါးလာတဲ့အချိန်မှာ ဒုစရိုက်မှုတွေအများကြီး ဖြစ်ပေါ်လာခဲ့ပြီး ပြည်သူတွေဟာလည်း ရတက်မအေးရဘဲ စစ်ဘေးနဲ့ ကပ်ရောဂါဘေးကြားမှာ ထိတ်လန့်တကြားနေနေရတဲ့အချိန် စားဝတ်နေရေးအတွက်ပါ ခက်ခက်ခဲခဲ ရုန်းကန်ရတာဟာလည်း မလွယ်လွန်းတဲ့အခြေအနေတွေပါပဲ။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

လူတန်းစားပေါင်းစုံ ခက်ခဲကျပ်တည်းနေချိန်ဖြစ်တာကြောင့် အပြန်အလှန်ကူညီမှုတွေလည်း ရေရှည်ဖြစ်တည်နိုင်မလားဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်တဲ့အခြေအနေပါ။ အခြေခံလူတန်းစားတွေရဲ့ ဘဝဟာ ခက်ခဲတာထက်ပိုပြီးခက်ခဲလာခဲ့ပါပြီ။ တက်လွန်းတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ရှားပါးလွန်းတဲ့ငွေကြေးနဲ့ အလုပ်အကိုင်တို့ကြောင့် ပြည်သူတွေဟာ ပိုဆိုးတဲ့အခြေအနေတွေကိုရင်ဆိုင်နေခဲ့ရပါပြီ။ ကိုပူတူးတို့လို့ ပရဟိတသူရဲကောင်းတွေကြောင့် အဆင်မပြေတဲ့အခြေအနေတွေကနေ တဒင်္ဂလောက်ဖြစ်ဖြစ် ရုန်းထွက်နိုင်ခဲ့တဲ့ ဘဝတွေအတွက် စာဖတ်သူတို့ပီတိဖြစ်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T