ကွယ်လွန်သွားတဲ့ မိခင်ကြီးအတွက် ရည်စူးကုသိုလ်လေးတွေပြုလုပ်ရင်း ထိန်းထားတဲ့ကြားက ဝမ်းနည်းမျက်ရည်တွေနဲ့ ငိုကြွေးခဲ့ရတဲ့ တင်ဇာမော်

//s9.kh1.co/9b/9b13239d47e72f15dc0584f595b8ae626caa991b.jpeg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ပရိသတ်အားပးဝန်းရံမှုတွေနဲ့ အောင်မြင်နေတဲ့ အဆိုတော်တင်ဇာမော်ကတော့ မိခင်ဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် ဝမ်းနည်းနေရတာ ဖြစ်ပါတယ်။ သူမရဲ့မိခင်ကြီးကတော့ ပြီးခဲ့လပိုင်းကမှ ကွယ်လွန်သွားတာဖြစ်ပြီးစက်တင်ဘာလ( ၂၈)ရက်နေ့မှာတော့ (၂)လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc

မိခင်ကြီးရဲ့ကျေးဇူးတရားတွေကို အောက်မေ့ ရည်စူးပြီး မြတ်စွာဘုရားရှင်အား အမှူးထား၍ လယ်တီဝိပဿနာကျောင်းတိုက်မှ ဆရာတော်နဲ့တကွ သံဃာတော်များကို ဆွမ်း၊ သင်္ကန်း၊ နတ်လမ်းပြုပြင်ဖို့အတွက် တစ်ခန်းအလှူ နဲ့ နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်း ကုသိုလ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဖြေမဆည်နိုင်တဲ့ ဆုံးရှုံးမှုတွေကြာင့် ကွယ်လွန်သူမိခင်ကြီးအတွက် ရည်စူးကုသိုလ်တွေပြုလုပ်ရင်း စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc

မိခင်ကြီးအတွက် ရေစက်ချလှူဒါန်းနေချိန်မှာရော ဆုတောင်းမေတ္တာပို့ပေးနေတဲ့အချိန်မှာပါ ထိန်းထားတဲ့ကြားက ဝမ်းနည်းစွာ ငိုကြွေးခဲ့ရတာ ဖြစ်ပါတယ်။ သူမပြုသမျှရည်စူးကုသိုလ်လေးတွေကိုလည်း မိခင်ဖြစ်သူ ရောက်ရာဘုံဘဝကနေ အမျှရကာ သာဓုခေါ်နိုင်ကြပြီး နိဗ္ဗာန်သို့ ရောက်ရာ အထောက်အပံ့ကောင်းများဖြစ်စေဖို့ကိုလည်း ဝမ်းနည်းမျက်ရည်တွေနဲ့ ဆုတောင်းရင်း အမျှပေးဝေထားတာ ဖြစ်ပါတယ်။ 

Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc
Photo Credit - Tin Zaw Maw's Fb Acc

သတင်း အရင်းအမြစ်Tin Zaw Maw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T