3 ရက်အတွင်း 10M Likes ရရှိတဲ့ ကိုရီးယားအနုပညာရှင်အဖြစ် စံချိန်တင်နေတဲ့ Jennie

//s9.kh1.co/17/17f7b8968167d42dfb990ca693f6f5efac5d7d7d.jpg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ဖို့ကောင်းနေလိုက်ကြတာ ......

အခုချိန်မှာ BLACK PINK လို့ပြောလိုက်ရင် Korean နဲ့ Asian မှာတင်မကပဲတစ်ကမ္ဘာလုံးမှာပါ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ Girl Band ဆိုလည်းမမှားပါဘူး။ သူတို့ရဲ့မြူးကြွတဲ့ Music အပြင်အဖွဲ့ဝင် အချောအလှလေးတွေဖြစ်တဲ့ Jennie၊ Lisa၊ Jisoo နဲ့ Rosé တို့ရဲ့ Fashionable ဖြစ်တဲ့ Style တွေကြောင့်လည်း အများကြားမှာ Iconic ဖြစ်တာပါ။

Photo Credit : South China Morning Post
Photo Credit : South China Morning Post

BLACKPINK ရဲ့ Main Rapperနဲ့ Lead Vocalist ဖြစ်တဲ့ Jennie က စက်တင်ဘာ (၂၄) ရက်နေ့မှာ သူမရဲ့ Instagram မှာ Lisa ရဲ့ LALISA တစ်ကိုယ်တော် ပွဲဦးထွက်ကို support လုပ်နေကြတဲ့ အဖွဲ့လိုက်ပုံကို တင်ခဲ့ပါတယ်။

Photo Credit : Jennie's Instagram
Photo Credit : Jennie's Instagram

Maknae လေး Lisa ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အတွက် အလုပ်တွေ ရှုပ်နေတာတွေရယ်၊ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ အချိန်ဇယားတွေကြောင့် တစ်ဖွဲ့လုံးတော်တော်လေးကြာမှ ဆုံဖြစ်ကြတာဖြစ်ပါတယ်။

Photo Credit : Jennie's Instagram
Photo Credit : Jennie's Instagram
Photo Credit : Jennie's Instagram
Photo Credit : Jennie's Instagram

Jennie က “အချိန်တစ်ခုကြာပြီးမှ BLACKPINK အဖွဲ့ဝင်များ’ ဆိုတဲ့ Caption နဲ့ သူမ Wall မှာ ပို့စ်တင်ခဲ့ပါတယ်။ Jennie ရဲ့  အဆိုပါ Post က သုံးရက်တည်းနဲ့ 10 Million Likes ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Instagram Post က ကိုရီးယား အနုပညာရှင်တွေထဲမှာ အမြန်ဆုံး 10 Million Likes ရရှိတဲ့ စံချိန်ကို ချိုးဖျောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : South China Morning Post
Photo Credit : South China Morning Post

Jennie ဟာ အခုလက်ရှိ ကိုရီးယား Celebrity တွေထဲမှာ Instagram followers အများဆုံး ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T