ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ဆေးရုံတက်ကာ အရေးပေါ်ကုသမှုခံယူနေရတဲ့ မြတ်သူသူ

//s9.kh1.co/67/6773901d8d6c6e4ec8cc663a75b991a4853cfc98.jpeg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

MRTV-4 ဇာတ်ကားတွေများစွာနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားကြတဲ့ အနုပညာရှင်မင်းသမီးတွေထဲမှာ မြတ်သူသူကလည်း အပါအဝင်ပါပဲ။ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းတဲ့ သူမရဲ့ဟန်ပန်တွေကြောင့် ယောကျ်ားလေး မိန်းကလေးမရွေးအားလုံးက ချစ်ခင်နေကြတဲ့ မြတ်သူသူကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ 

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

မြတ်သူသူကတော့ လတ်တလောမှာ သူမရဲ့ကျန်းမာရေးအခြေအနေတွေကြောင့် ရုတ်တရက်ဆေးရုံတက်ကာ ကုသမှုတွေ ခံယူနေရတာ တွေ့ရပါတယ်။ ဆေးရုံတက်နေရတဲ့အကြောင်းကိုတော့ မြတ်သူသူက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာဖြစ်ပြီး ဘာကြောင့် ဆေးရုံတက်နေရတယ်ဆိုတာကိုတော့ ပြောပြထားခြင်း မရှိသေးပါဘူး။ 

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

အခုလို ကာလကြီးမှာ ဆေးရုံတက်ရတဲ့အထိ ဖြစ်သွားရတဲ့ မြတ်သူသူရဲ့ ကျန်းမာရေးအတွက် ပရိသတ်တွေအားလုံးကလည်း စိတ်ပူနေကြတာ ဖြစ်ပါတယ်။ မြတ်သူလေးတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ Myanmarload မှလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ အားပေးဆုတောင်းလိုက်ပါတယ်နော်။ 

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

သတင်း အရင်းအမြစ်Myat Thu Thu - မြတ်သူသူ Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T