ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကလေး (၃)မြွှာပူးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြန်တဲ့ ကျောင်းကုန်းမြို့နယ်က မိခင်တစ်ဦး

//s9.kh1.co/bc/bc3419aa049b624db33461835ce22c25ca721c76.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ကလေး(၃)မြွှာပူးမွေးဖွားနှုန်းက ယခင်ကထက် ပိုမိုမွေးလာကြတာကို သတိထားမိခဲ့ပါတယ်။ ယခုမှာလည်း စက်တင်ဘာ (၂၈) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကလေး (၃) မြွှာပူးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာ တွေ့ရပါတယ်။

Photo Credit - EPN
Photo Credit - EPN
Photo Credit - EPN
Photo Credit - EPN

အဆိုပါ မွေးလူနာဟာ ကျောင်းကုန်းမြိုနယ် ဇရပ်ဆိပ်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာမှ ဖြစ်ပြီးကျောင်းကုန်းပြည်သူ့ ဆေးရုံက ဆေးရုံအုပ် ဆရာဝန်နှင့် ကျန်းမာရေးဝန်များက စနစ်တကျ ခွဲစိတ် မွေးဖွားခဲ့ပေးခဲ့ရာ ယောကျ်ာလေး(၂)ဦးနှင့် မိန်းကလေး (၁) ဦးတို့ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးဖွားပေးခဲ့တဲ့ ကလေး (၃)မြွှာပူးမှာ ညနေ (၄) နာရီ (၄၅)မိနစ် အချိန်မှာ (၆)ပေါင် (၁၀) အောင်စရှိတဲ့ သားယောကျာ်းလေး (၁)ဦး၊ (၄)နာရီ (၄၇) မိနစ် အချိန်မှာ (၄)ပေါင် (၁၀)အောင်စရှိတဲ့ မိန်းကလေး (၁)ဦးနှင့် (၄) နာရီ (၅၀) နာရီ အချိန်တွင် (၅)ပေါင် (၄)အောင်စရှိတဲ့ သားယောက်ျားလေး(၁)ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit - EPN
Photo Credit - EPN
Photo Credit - EPN
Photo Credit - EPN

လက်ရှိမှာတော့ မိခင်ရောကလေးများပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ကလေးတွေရဲ့ မိခင်အတွက် အာဟာရ ပြည့်ဝစေဖို့ ရည်ရွယ်ပြီး ဂုဏ်ပြုပေးတဲ့အနေနဲ့ ဆရာဝန် မိသားစုက ငွေကျပ်(၁)သိန်း ထောက်ပံ့လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ပြည်သူတွေကလည်း အဆိုပါ ကလေးတွေရဲ့ မိခင်အတွက် ချီးကျူးဂုဏ်ပြုပြီး ဆုမွန်ကောင်းတောင်းပေးထားကြတာတွေလည်း တွေ့ရပါတယ်။

Photo Credit - EPN
Photo Credit - EPN

သတင်း အရင်းအမြစ်Source - EPN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T