ပြင်ဦးလွင်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း လမ်းခင်းဖို့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်တို့မိသားစု

//s9.kh1.co/97/973a443a1ff54ac91ce7622022a53a7c5b578e97.jpeg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ ပြည်ပနိုင်ငံက ချီးမြှင့်ပေးအပ်တဲ့ ထူးချွန်ဆုတွေရရှိထားကာ ထိပ်တန်းကနေ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့ရပ်တည်ခဲ့ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီ လှူဒါန်းနေတာ ဖြစ်ပါတယ်။ 

Photo Credit - Li John Photography
Photo Credit - Li John Photography

​အားလုံးက ချစ်ခင်အားပေးနေကြရတဲ့ ရွှေကစ်လေးကတော့ ဒီကနေ့မှာလည်း ပြင်ဦးလွင်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း လမ်းခင်းဖို့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စားဝတ်နေရေးတွေအပြင် စီးပွားကြပ်တည်းနေတဲ့ အခုလိုအချိန်ကာလကြီးမှာလည်း လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Photo Credit - Original Uploader
Photo Credit - Original Uploader

ပြင်ဦးလွင်မြို့ ပြင်စာနောင်ဝယ်ရွာစိတ္တပါလ ဗုဒ္ဓ ဝိပသနာကျောင်း လမ်းခင်းဖို့အတွက် အလှူငွေ (၁)သိန်း နဲ့ အမိုးမိုးဖို့အတွက် အလှူငွေ(၁)သိန်းကို မိသားစုတွေနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မွန်မြတ်လွန်းတဲ့ ကောင်းမှုလေးတွေနဲ့ ကုသိုလ်ယူနေတဲ့ ဝတ်မှုံရွှေရည်တို့မိသားစု အလှူလေးကို အားလုံးက ဝမ်းသာစွာ သာဓုခေါ်ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T