ရေကြီးနေတဲ့နေရာတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် ကောင်းကင်ယံကနေ လေထီးနဲ့ ပျံသန်းပြီး အစားအသောက်တွေ လိုက်ချပေးနေတဲ့ ရုပ်သံဖိုင်

//s9.kh1.co/b3/b39c7a341160dc03a90e9781c7747eff659c358e.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

စက်တင်ဘာ (၂၃) စတင်ပြီး ထိုင်းနိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် ပြည်နယ် (၃၀)လောက် ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပြီး အိမ်ခြေပေါင်း (၁၄၀၀၀) နီးပါး ရေဘေးသင့်ခဲ့ရပါတယ်။ လက်ရှိမှာ ရေဘေးသင့်ခဲ့တဲ့ ပြည်နယ်တွေက ဒေသခံတွေကို ထိုင်းအစိုးရကနေ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့အပြင် စေတနာရှင်တွေကလည်း အစားအစာများ လှူဒါန်းနေကြောင်း သိရပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

ယခုမှာလည်း ရေလွှမ်းနေတဲ့ ပြည်နယ်တွေအနက် ဆုခေါ်ထိုင်းပြည်နယ်မှာ ရေကြီးမှုကြောင့် ပိတ်မိနေသူတွေကို လေထီးပျံနဲ့ အစားအသောက်တွေ လိုက်ချပေးနေတဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ရုပ်သံဖိုင်မှာတော့ ရေလွှမ်းနေတဲ့ နေရာတွေက ပိတ်မိတဲ့သူတွေအတွက် လေထီးခုန်Vichai Tiyasan ဆိုသူက ကောင်းကင်ယံကနေ ပျံသန်းပြီး လိုအပ်နေတဲ့ အစားအသောက်တွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

အဆိုပါ လေထီးဟာ (၁၁) ပါဝါတွန်းလှည်းဟုလူသိများတဲ့ paramotor ကို အိမ်သုံးပန်ကာကြီးတစ်ခုနှင့် ဓာတ်ဆီလောင်စာထည့်ပြီး မောင်းနှင်ရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ယခုနှစ်ရေကြီးမှုဟာ အဆိုးဝါးဆုံး စံချိန်တင်ခဲ့ပြီး လက်ရှိရေလွှမ်းမိုးမှုကြောင့် အနည်းဆုံးလူ (၆) ဦး သေဆုံးပြီး (၂) ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံသတင်းများက ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T