မင်္ဂလာနှစ်ပတ်လည်(၈)နှစ်ပြည့်အထိန်းအမှတ်အတွက် အမှတ်တရပုံလေးနဲ့အတူ ပြန်လည်သတိရလွမ်းဆွတ်နေတဲ့ မင်းသား Ji Sung

//s9.kh1.co/e0/e02c34887a677ba32f2ab2daa8cfe3ad4552388e.jpg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Happy Anniversary ပါနော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တောင်ကိုးရီးယားနိုင်ငံ မင်းသားချော Ji Sung ဟာဆိုရင်တော့ 90's Born တွေ အတော်များများရဲ့ အသည်းစွဲမင်းသားပဲဖြစ်ပါတယ်။သူ့ရဲ့တည်ကြည်ခန့်ညားတဲ့အသွင်အပြင်ကိုက ပရိတ်သတ်တွေကိုညှို့ယူဖမ်းစားထားတာပဲဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

ယမန်နေ့ စက်တင်ဘာ(၂၈) ရက်နေ့ဟာ မင်းသားချော Ji Sung နဲ့ သူ့ရဲ့ဇနီး Lee Boyoung တို့ရဲ့ အိမ်ထောင်သက်တမ်း ရှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။သူတို့ရဲ့ ရှစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူဟာ အင်စတာဂရမ်မှာ ဒီပုံလေးကို တင်ခဲ့တာဖြစ်ပြီး ပုံလေးနဲ့အတူ ‘8th anniversary’ ဆိုတဲ့ ရိုးရှင်းတဲ့စာလေးကိုပါ ထည့်သွင်းရေးသားထားခဲ့တာဖြစ်ပါတယ်။

Photo Credit From JiSung Instagram
Photo Credit From JiSung Instagram

မင်းသားချော Ji Sung နဲ့ မင်းသမီးချော Lee Boyoung တို့ဟာ ချစ်သူသက်တမ်းခြောက်နှစ်အကြာ (၂၀၁၃) ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူတို့နှစ်ယောက်မှာ ချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက်နဲ့ အတူပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပျော်ရွှင်စရာမင်္ဂလာနှစ်ပတ်လည်လေးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ပရိတ်သတ်တွေအတွက်ရေးသားဖော်ပြလိုက်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T