ယနေ့ချိန်ထိ အဖြေရှာလို့မရသေးတဲ့ မြေကြီးပေါ်က မျဉ်းကြောင်းများ

//s9.kh1.co/ab/ab4ce93148e1442f3c17d4899f565faff80e2869.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

နက်ဇ်ကာ မျဉ်းကြောင်းများဟာ ပီရူးနိုင်ငံ၊ နက်ဇ်ကာ ကန္တာရ နယ်မြေအတွင်း ရှိပြီး ကန္တာရ မြေပြင်ပေါ်မှာ ရေးဆွဲထားတဲ့ ရှေးဟောင်းမျဉ်းများကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ ဒီမျဉ်းကြောင်းများကို ၁၉၂၇ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော် ယဉ်ကျေးမှုရဲ့ ကြွင်းကျန်သော အထူးခြားဆုံး အမွေအနှစ် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d4/d4e706d3ae5cd72b72224cd54b97246e72a37274.jpg
https://s9.kh1.co/__image/w=650,h=434,q=100/21/212ddee3088f8d1b9beb23864142aa967d9e8d75.jpg

အဆိုပါ နက်ဇ်ကာ မျဉ်းကြောင်းများဟာ ဘယ်လို နည်းပညာကို သုံးပြီး ဘာကြောင့် ရေးဆွဲခဲ့လဲဆိုတာ ယနေ့အချိန်အထိ အဖြေမရှာနိုင်ကြသေးပါဘူး။ မျဉ်းများဟာ အဖြောင့် နှင့် စပရိန်ပုံများ ပါဝင်နေသည့်အပြင် ပင့်ကူ၊ ငှက်ပိတုန်း၊ တောင်အမေရိက ကုလားအုတ် လာမာ နှင့် မျောက်ပုံသဏ္ဍာန်များ ပါဝင်ပါတယ်။ တော်တော်ကိုရှုပ်ထွေးပြီး ဆွဲခဲ့တဲ့သူတွေ ဘယ်လိုဆွဲခဲ့လဲဆိုတာတော့ မသိရှိကြရသေးပါ။

https://s9.kh1.co/__image/w=600,h=360,q=100/4b/4b5f258a8e5b25a0659fc08200b936329d674d2c.jpg
https://s9.kh1.co/__image/w=600,h=360,q=100/8a/8a0cfdcdb63d14b1b7c123afb69c9403b75cf26c.jpg

မျဉ်းများကို အနီရောင် ကျောက်တုံးများ ဖယ်ရှားကာ ဆွဲသားထားသဖြင့် မြေအောက် အဖြူရောင်မြေလွှာ အနီးမှ ပန်းရောင်များကို မြင်နိုင်ပါတယ်။ ဒီမျဉ်းတွေဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့လဲ ဆိုတာ ယနေ့အချိန်အထိ သိပ္ပံပညာရှင်များ အတွက် အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါ နက်ဇ်ကာလိုင်းတွေကို လာရောက်လေ့လာလည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားများစွာရှိတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/2d/2d49a8e38663c8178d848fcfc648558898d4bc91.jpg
https://s9.kh1.co/__image/w=600,h=337,q=100/b1/b150cc3f1b0940dbbbde0a43c714bba7b8cd1b00.jpg
https://s9.kh1.co/__image/w=600,h=288,q=100/27/27e84c3961bf25b31a355f2f6b17ca2226df970d.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T