ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့တဲ့ ၇ လပြည့်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ကံပေါက်ပြည်သူလူထုရဲ့ ဆီမီးထွန်းညသပိတ်

//s9.kh1.co/2c/2c827049ba7a628fc89453e65de93e2a3559e743.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဖေဖော်ဝါရီ (၂၈) ကို အမှတ်ရကြ .......

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး ပျောက်ကျားသပိတ်စစ်ကြောင်းတွေ၊ အသံတိတ်သပိတ်တွေ၊ ဆီးမီးထွန်း သပိတ်တွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ NUG က D Dayကြေငြာလိုက်ပြီးနောက်မှာ စစ်ကောင်စီက စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေလည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

Photo Credit : Khit Thit
Photo Credit : Khit Thit

မြန်မာနိုင်ငံနေရာအနှံ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေးတွေကို ရသမျှနည်းလမ်းနဲ့ပြုလုပ်နေကြပြီး လူထုကလည်း အမြဲအားတက်သရောပါ၀င်နေတာဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ဟာဆိုရင် ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွင်းခံရတာ ၇ လ ပြည့်တဲ့နေ့ဖြစ်ပါတယ်။  

Photo Credit : Khit Thit
Photo Credit : Khit Thit

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ပြည်သူလူထုတွေက ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၇ လပြည့်နေ့ အဖြစ် စစ်အာဏာရှင်ကို ချေမှုန်းရေး ကံပေါက် ပြည်သူများက ဆီမီးထွန်း ညသပိတ်ပြုလုပ်ပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများနဲ့ ဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အတွက်ဆုတောင်းပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

Photo Credit : Khit Thit
Photo Credit : Khit Thit
Photo Credit : Khit Thit
Photo Credit : Khit Thit
Photo Credit : Khit Thit
Photo Credit : Khit Thit

စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်နီးပါးရှိလာချိန်အထိ နေရာအနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ထွက်ပေါ်နေဆဲဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခြင်း အပါအဝင် အိမ်စီးကား၊ ဆိုင်ကယ်များနဲ့ဖမ်းဆီးခြင်း၊ အရပ်ဝတ်များနဲ့ အယောင်ဆောင်ဖမ်းဆီးခြင်းများလည်း ပြုလုပ်လေ့ရှိပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T