ကျဆုံးသွားခဲ့တဲ့ သပိတ်ခေါင်းဆောင်ဦးဖက်တီးအတွက် ဂုဏ်ပြုရည်ရွယ်ကာ သပိတ်စစ်ကြောင်းထွက်ခဲ့ကြတဲ့ မန္တလေးပြည်သူလူထု

//s9.kh1.co/0d/0d36ba889c2880ee8092f99238dda16571a05268.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း အားအင်အပြည့်နဲ့ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာ စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေပိုမိုများပြားလာသလို တစ်ဖက်ကလည်း ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့တိုင်းလိုလိုပြုလုပ်လာတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မြို့နယ်အနှံ့မှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပြန်လည်အားကောင်းလာနေပြီး အာဏာရှင်ဆန့်ကျင်ရေးတွေကို ရောက်တဲ့နေရာတိုင်းမှာ ရသမျှနည်းလမ်းနဲ့ပြုလုပ်နေကြပြီး လူထုကလည်း အမြဲအားတက်သရောပါ၀င်နေတာဖြစ်ပါတယ် ။ ဒီကနေ့မှာဆိုရင်လည်း မန္တလေးမှာ မြတောင်နဲ့ မဟာအောင်မြေသပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယမန်နေ့ကဆိုရင်လည်း မြတောင်သပိတ်ကိုဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ရဲဘော်ကြီး ဦးဖက်တီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဦးဖက်တီးကျဆုံးသွားခဲ့တာအတွက် ဂုဏ်ပြုအောက်မေ့ကြရင်း ဦးဖက်တီးရဲ့ပုံတွေကိုင်ဆောင်ကာ လမ်းမတွေထက်မှာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြသပိတ်စစ်ကြောင်း ထွက်ခဲ့ကြတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Tayzar San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T