ထိုင်းနိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပရိဘောဂဆိုင်ထဲက ပစ္စည်းတွေအားလုံး ရေစီးထဲမျောပါနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/a0/a01a3fabc27c79863c8ed977a4aab82890037333.png
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာကြောင့် ချိုင်ယဖူးခရိုင်မှာရှိတဲ့ အိမ်သုံးပစ္စည်း အရောင်းဆိုင်ထဲ က ပစ္စည်းတွေဟာ ရေစီးနဲ့အတူမျောပါနေခဲ့ပါတယ်။ အတော်လေးကိုကြီးမားတဲ့ ပစ္စည်းတွေတောင် ရေစီးနဲ့အတူမျောပါနေခဲ့ပြီး လူတွေကလည်း ဘယ်လိုမှမတတ်နိုင်တဲ့ အနေအထား ဖြစ်နေခဲ့တာပါ။ မြဝတီမြို့မှာလည်း အကြီးအကျယ်မိုးရွာသွန်းမှုမရှိခဲ့ပေမယ့် ကမ်းနားဖက်တွေမှာ ရေကြီးရေလျှံမှုဖြစ်တာကြောင့် ဒုက္ခတွေရောက်နေကြကြောင်းကို ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

Photo Credit- บัตรต่างด้าว - ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ's FB Acc
Photo Credit- บัตรต่างด้าว - ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ's FB Acc

အခုလိုပစ္စည်းတွေရေထဲမျောပါသွားတာကို ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် ဆုံးရှုံးမှုကတော့ အနည်းနဲ့အများရှိမှာပါ။ သန်လွန်းတဲ့ရေစီးကြောင့် လူတွေတောင်ဘေးလွတ်ရာကို မနည်းရွှေ့ပြောင်းနေရ ချိန်မှာ ဒီပစ္စည်းတွေကိုလိုက်ပြီးထိန်းသိမ်းဖို့ဆိုတာ အတော်လေးမလွယ်ပါဘူး။ ရေကျသွားတဲ့အချိန်မှာ ဒီပစ္စည်းတွေကို ပြန်လိုက်ရှာရင်တောင် အကုန်လုံးပြန်ရဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီအရောင်းဆိုင်ဟာ ဆိုင်အကြီးကြီးဖြစ်ပြီး ပစ္စည်းတော်တော်များများလည်း ရှိထားတာမို့ အခုလိုရေကြီးတဲ့အချိန်မှာ ဆိုင်မှာထားရှိတဲ့ပစ္စည်းတွေ အခုလိုမျောပါသွားခဲ့ရတာပါ။

Photo Credit- บัตรต่างด้าว - ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ's FB Acc
Photo Credit- บัตรต่างด้าว - ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ's FB Acc

ပစ္စည်းတွေရေစီးထဲမျောပါနေတာကို ဘေးကနေပဲ ထိုင်ကြည့်နေရတဲ့ ပိုင်ရှင်တွေရဲ့ခံစားချက်ကတော့ အတော်လေးဝမ်းနည်စရာဖြစ်နေမှာပါ။ ဒီအဖြစ်အပျက်ကို ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအလုပ်သမားတွေ စုဝေးထားတဲ့အဖွဲ့အစည်းရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေဖြစ်ပွားတာကြောင့် လူတော်တော်များများ နေရေးစားရေးခက်ခဲနေခဲ့ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေလည်း ဖြစ်နေခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်บัตรต่างด้าว - ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T