မိုးချုပ်တဲ့အထိ စက်ဘီးလေးနဲ့လေမှုတ်ရုပ်လေးတွေ လိုက်ရောင်းနေရတဲ့အဘအတွက် တတ်နိုင်သရွေ့လှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/22/224fd6208ad311c35b9b6c568a76dbb3e35fd0dd.jpg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော်မိုးစက်ဟာ လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ မိုးစက်ဟာ ကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

မိုးစက်ဟာ တက်သစ်စဟာသလူရွှင်တော်လေးဖြစ်ပေမယ့် သက်ကြီးရွယ်အိုလူရွှင်တော်ကြီးတွေအတွက်လည်း လှူဒါန်းပူဇော်မှုတွေပြုလုပ်ပေးနေပြီး တတ်နိုင်သလောက်အလှူတွေခံပေးကာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း လူရွှင်တော်မိုးစက်ဟာ ညမိုးချုပ်တဲ့အထိ လေမှုတ်ရုပ်လေးတွေကို စက်ဘီးလေးနဲ့ လိုက်ရောင်းနေရတဲ့အဘအတွက် တတ်နိုင်သလောက်လေး လှူဒါန်းခဲ့တာဖြစ်ပါတယ် ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

သူကိုယ်တိုင်လည်း ငယ်စဉ်က လေမှုတ်ရုပ်လိုက်ရောင်းခဲ့ရတာဖြစ်တဲ့အတွက် ကိုယ်ချင်းလည်းစာမိသလို မိုးချုပ်တဲ့အထိရောင်းနေရတဲ့ အဘကို သနားဂရုဏာသက်မိတာကြောင့် လေယာဉ်ပျံလေမှုတ်ရုပ်လေးကို ငါးသောင်းပေးပြီး အားပေးလိုက်တဲ့အကြောင်းကို ရေးသားမျှဝေထားပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

သတင်း အရင်းအမြစ်Moe Sat's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T