ပြင်သစ်သမ္မတ Emmanuel Macron ဟာ မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့က လိုင်ယွန်မြို့မှာပြုလုပ်တဲ့ ကုန်စည်ပြပွဲတစ်ခုကို သွားရောက်ခဲ့ပါတယ်။
သွားရောက်ခဲ့ချိန်မှာတော့ သမ္မတ Macron ဟာ အမျိုးသားတစ်ဦးရဲ့ ကြက်ဥနဲ့ပစ်ပေါက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ကြက်ဥက သမ္မတ Macron ရဲ့ပုခုံးကိုထိမှန်ခဲ့ပေမယ့်လည်း ကွဲတော့မကွဲသွားခဲ့ပါဘူး။
အဲ့ဒီနောက်မှာတော့ ကြက်ဥနဲ့ပစ်ပေါက်သူ အမျိုးသားဟာ အခန်းထဲကဆွဲထုတ်ခံသွားရပြီး သမ္မတ Macron ကတော့ သူ့မှာကျွန်တော့ကို ပြောစရာတစ်ခုခုရှိရင် သူ့ကိုလာခွင့်ပြုလိုက်ပါလို့ ပြောခဲ့တယ်လို့ သိရပါတယ်။
သမ္မတ Macron ဟာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်တုန်းကလဲ အမျိုးသားတစ်ဦးရဲ့ မျက်နှာကိုဖြတ်ရိုက်တာကို ခံခဲ့ရပါသေးတယ်။
၄င်းအမျိုးသားကတော့ တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းမှုကိုခံခဲ့ရပြီး ထောင်ဒဏ်လေးလ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Cnn