အွန်လိုင်းပေါ်ကချစ်သူကို ရှာဖွေဖို့အတွက် တရုတ်နိုင်ငံကို ထွက်ရှိလာတဲ့ ကနေဒါနိုင်ငံက အသက် ၆၀ လူသား

//s9.kh1.co/11/114d3722291ff6c0e5e66ac03ff5c14f15c8dfc4.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ခြင်းမှာ တွေ့ပါမြင်ဖန်များလာမှလို့ ဆိုပေမယ့်လည်း အပြင်မှာ တစ်ခါမှမမြင်ဖူးပဲနဲ့ မြတ်နိုးနိုးချစ်မိသွားတဲ့ လူတွေကိုလည်း မြင်ဖူးကြမှာပါ။ အင်တာနက်မှာတွေ့တဲ့အချစ်တွေရဲ့ အများစုဟာ မယုံကြည်ရပေမယ့်လည်း တချို့လူတွေအတွက်ကတော့ လူမှုကွန်ယက်ပေါ်မှာမြင်မိရုံနဲ့ ချစ်ခင်မြတ်နိုးမိသွားတယ်ဆိုတဲ့အကြောင်းကို ကနေဒါနိုင်ငံသား တစ်ယောက်က သက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/be/be9a6402b2a693aa83d17e4d055bb5f7e3767976.jpg

အသက်(၆၀)အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသားတစ်ဦးဟာ လူမှုကွန်ယက်ပေါ်မှာ သူချစ်မိသွားခဲ့တဲ့ အမျိုးသမီးကိုရှာပုံတော်ဖွင့်ဖို့အတွက် ကနေဒါနိုင်ငံကနေ မိုင်ပေါင်းထောင်ချီကွာဝေတဲ့ တရုတ်နိုင်ငံကို အရောက်လာခဲ့ပါတယ်။ ဒါနဲ့ပဲ မာလိုနီဟာ သူချစ်ခင်မိသွားတဲ့ အမျိုးသမီးကိုရှာဖွေဖို့အတွက် တရုတ်နိုင်ငံ Shenzhen မြို့ကို ရောက်ရှိလာပါတယ်။ အမျိုးသမီးရဲ့ နာမည်ကတော့ ရီလီဖြစ်ပြီး ကနေဒါနိုင်ငံသား မာလိုနီနဲ့ လူမှုကွန်ယက်ပေါ်မှာ ရင်းနှီးခဲ့တာ ၁နှစ်လောက်ရှိပြီပဲ ဖြစ်ပါတယ်။ ရီလီဟာ မာလိုနီနဲ့ ရင်းနှီးပြီးတဲ့နောက်မှာ သူမရဲ့ ဓာတ်ပုံတွေပို့ပေးခဲ့ပါတယ်။ မာလိုနီက သူဟာ ရီလီကို ဓာတ်ပုံထဲမှာ မြင်တွေ့ ပြီးနောက် အလွန်ချစ်သွားကြောင်း၊ မိမိ အနေဖြင့် ရီလီကို ရှာဖွေ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/34/34e7b22094b2ac27228298e0784bc6e1a250bac9.jpg
https://s9.kh1.co/__image/w=634,h=423,q=100/79/79d09496c5363059f49ce5e3a1d4d6fca16058fb.jpg

မာလိုနီဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ရီလီကို အီးမေးလ်နဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ပြီး တရုတ်စာတွေကို ဘာသာပြန်ရာမှာ ပေါင် (၁၁၀၀) နီးပါး အသုံးပြုခဲ့ရပါတယ်။ မာလိုနီဟာ ရီလီကို ကြိုးစားရှာဖွေပေမယ့်လည်း လူဦးရေ ၁၀သန်းကျော်ရှိတဲ့ Shenzhen မြို့မှာ လူတစ်ယောက်ကိုရှာဖွေရတယ်ဆိုတာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေရသလိုပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မာလိုနီကတော့ ရီလီကို တွေ့ခဲ့ပါက ပေါင်းသင်း လက်ထပ်ယူ သွားမှာ ဖြစ်ပြီး ကနေဒါမှာ အဆင်မပြေပါက သူ့အနေနဲ့ တရုတ်နိုင်ငံမှာ ပြောင်းနေထိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=379,h=283,q=100/6e/6e2540023ad34ddf09d407a0826f7dcda652c9e3.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T